Miss Universe Organization ကို ဝယ်ယူခဲ့တဲ့ ထိုင်းလိင်ပြောင်းဘီလျံနာ

//s9.kh1.co/1b/1bc62fff6598f7e018ece36207be5516f215f5f7.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၃ ၇am · လွန်ခဲ့သော ၃ နှစ် က

Miss Universe Organization ကို ဒေါ်လာ သန်း ၂၀ နဲ့ ၀ယ်ယူခဲ့တဲ့ ထိုင်းလိင်ပြောင်းဘီလျံနာသူဌေး

IMG က နှစ်စဉ်ကျင်းပတဲ့ Miss Universe Organization (MUO) ကို ထိုင်းလိင်ပြောင်းဘီလျံနာသူဌေး Anne Jakapong Jakrajutatip ရဲ့ ကုမ္ပဏီသို့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။ Jakrajutatip ဟာ Miss Universe Organization ရဲ့ ၇၁ နှစ်သမိုင်းမှာ အမျိုးသမီးတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ပိုင်ဆိုင်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4c/4cecf33e16cab8564f986d25f5c64297b9b17939.webp

ထိုင်းလိင်ပြောင်းဘီလျံနာသူဌေးJakrajutatip ရဲ့ ထိုင်းနိုင်ငံအခြေစိုက် မီဒီယာ JKN Global Media Public Company Limited ကုမ္ပဏီက MUO ကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ကြောင်း Associated Press က ဖော်ပြခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=391,q=100/08/08d9b7609e439f20e34922fcc76476ba9fdf09fc.png

Miss Universe Organization ကို ဆည်းပူးပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုအဖွဲ့နဲ့ လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်" ဟု Jakrajutatip က ကြေငြာချက်တွင် ပြောကြားခဲ့ပါတယ်။ ဒါအပြင် " MUO ရဲ့ လက်ရှိ CEO နှင့် ဥက္ကဋ္ဌ Paula Shugart၊ စီမံခန့်ခွဲမှုအသစ်အောက်မှာ အဆိုပါရာထူးကို ဆက်လက်ထိန်းသိမ်းထားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/83/83f84a4cd6ba713c69db86a759b3554a55f6df3a.png

MUO ကို ယခင်က သမ္မတဟောင်း Donald Trump မှ ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း IMG ကို မရောင်းချမီ ပူးတွဲပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ သူ့ရဲ့ ပထမဆုံး Miss Universe ပြိုင်ပွဲကို ၁၉၅၂ ခုနှစ်မှာ ကျင်းပခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၆၅ မှာ နှစ်စဉ် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါတယ်။ IMG ရဲ့ ပြိုင်ပွဲများဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုမှုအများဆုံးလည်း ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/21/21463c6b88d4db78d95eeaa47289dc6da5b649fd.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T