ကမ္ဘာပေါ်မှာ သူမ အသွားချင်ဆုံး ရောက်ဖူးချင်တဲ့ နိုင်ငံကို ပြောပြခဲ့တဲ့ Lisa

//s9.kh1.co/5e/5eb2359c92c20dc72248d33e293ad2b1154788be.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

ကောင်မလေးက အချစ်နဲ့ မတွေ့သေးတော့ မိသားစုနဲ့သွားမယ်ကြီးပဲ လုပ်နေတယ် …

မတ်လ 7 ရက်၊ 2023 တုန်းက BlackPink အဖွဲ့ဝင် Lisa က အလုပ်အင်တာဗျူးတစ်ခုပြုလုပ်ပြီး သူမရဲ့ အနာဂတ်ရည်မှန်းချက်တွေကို လူကြိုက်များတဲ့ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Bazzar ကနေတစ်ဆင့် ပြောပြခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=854,q=100/5f/5f984aaf419babd1a1516aaf496388b4b958600b.png
https://s9.kh1.co/__image/w=650,h=841,q=100/aa/aab9c044a0be7d0a29b586229f965cb4ca7c74bb.png

တစ်ချိန်တည်းမှာပင် အင်တာဗျူးမှာ ပရိသတ်များရဲ့ အာရုံစိုက်အခံရဆုံးမေးခွန်းကတော့ Lisa ကို “ အလုပ်တွေ အားသွားတဲ့အချိန်မှာ ဘာလုပ်ဖို့ စိတ်ကူးထားလဲ ဒါမှမဟုတ် စွန့်စားခန်းအနေနဲ့ ဘယ်ကို သွားချင်လဲလို့” မေးခဲ့ပါတယ်.. Lisa က “ကြီးမားတဲ့ စွန့်စားမှုထက် မိသားစုနဲ့ မရောက်ဖူးတဲ့ တစ်နေရာကို သွားချင်ပါတယ်။ ကမ္ဘာအနှံ့ ခရီးလဲမသွားချင်ဘူး.. ဒါပေမယ့် အခုအချိန်ထိမရောက်ဖူးသေးတဲ့ နိုင်ငံတွေကို သွားချင်တယ်.. အထူးသဖြင့် အီဂျစ်နိုင်ငံပေါ့နော်..” လို့ ဖြေသွားခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=857,q=100/71/71fa637240bbdb0feea9d4b3b7174d3073fa0221.png
https://s9.kh1.co/__image/w=650,h=854,q=100/0b/0be2e7915a79d28977b695a0110ba29d3faa5af4.png

Lisa က “မနှစ်က သူမအတွက် အလုပ်အရမ်းများတဲ့နှစ်ပါ၊ ဒီနှစ်တော့ Blackpink ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ တွေပြီးသွားရင်တော့ ဇွန်လမှာ သူမရဲ့ မိသားစုနဲ့ ခရီးထွက်ဖို့ကို တတ်နိုင်သမျှ စဉ်းစားနေတယ်” လို့ ပြောခဲ့ပါတယ်..

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T