အသက်အရွယ်ကွာပေမယ့် အရမ်းကိုချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ Jeon So Nee နဲ့ Song Hye Kyo

//s9.kh1.co/6a/6af6e4d796792027640fd5a9fb7888f02b98726f.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

နှစ်ယောက်က ၁၀ နှစ်လောက်ကွာတယ်ဆိုပေမယ့် ရွယ်တူလို့ထင်ရလောက်အောင် တို့မမKyo ကတော့ နုဖက်နေရောပဲ ..

မင်းသမီး Jeon So Nee က သူမရဲ့ စီနီယာလည်းဖြစ် ရင်းနှီးတဲ့သူငယ်ချင်းဖြစ်တဲ့ Song Hye kyo နဲ့ ချစ်ခင်ရင်းနှီးကြောင်းကို ပြသခဲ့ပါတယ်.. မတ် ၉ ရက် နေ့လယ်တွင် “Soulmate” ရုပ်ရှင် ရုံမတင်ခင်မှာ ဆိုးလ် Palpan-dong၊ Jongno-gu မြို့မှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုမှာ Jeon So Nee နဲ့  အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=392,q=100/12/12ab9f0d2e97cfcee5087b6326c04990f2f4e127.jpg

"Soulmate" က Mi So (Kim Da Mi) နဲ့ Ha Eun (Jeon So Nee) တို့ ပထမဆုံးစတွေ့ဖူးတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်.. Song Hye Kyo က မတ်လ (၇) ရက်နေ့က Instagram မှတစ်ဆင့် “Soulmate” ဇာတ်ကားရဲ့ VIP အကြိုကြည့်ရှုတာကို တက်ရောက်ခဲ့ပြီး သဘောကျတယ်လို့လဲ ဆိုပါတယ်..

https://s9.kh1.co/__image/w=650,h=342,q=100/d4/d464b0e1155d2d247c927940d5e40f3908b18caa.png

သူတို့နှစ်ဦးဟာ tvN ရဲ့ “Encounter” (2018) ရိုက်ကူးခဲ့ရင်းကနေ ခင်လာခဲ့ကြတာပါ.. Song Hye Kyo က 1981 ခုနှစ်ဖွားဖြစ်ပြီး  Jeon So Nee က  1991 ခုနှစ်မှာ မွေးဖွားတာကြောင့် သူတို့နှစ်ယောက်က အသက် ၁၀ နှစ်ကွာပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရင်းနှီးကြပါတယ်..

https://s9.kh1.co/__image/w=650,h=434,q=100/81/814ff03008f00de99fae6cd5162c741c31a0612d.jpg

Jeon So Nee က “ရိုက်ကူးရေးပြီးကတည်းက Unnie နဲ့ တကယ်ကို နီးစပ်ခဲ့ပါတယ်။ တူတူရိုက်နေတဲ့အချိန်မှာလည်း စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်.. အမှန်တော့ Unnie က သူ့ နှလုံးသားကို ဖွင့်ပေးခဲ့လို့ အခုလို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလို မြန်မြန်ဆန်ဆန်နဲ့ ရင်းနှီးခဲ့တာလို့ ဆိုပါတယ်..

https://s9.kh1.co/__image/w=650,h=488,q=100/3c/3c3b058e47d27c7d164cc52c20a94e6fedf1342e.png

သတင်း အရင်းအမြစ် KBI Zoom.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T