BTS အဖွဲ့ဝင် Suga ဟာ မကြာသေးခင်က အသက် (၃၀) ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူ့ရဲ့ (၃၀) နှစ်ပြည့်မွေးနေ့မှာ ပရိသတ်တွေနဲ့ Live လွှင့်ကာ စကားပြော ၊သီချင်းဆိုခဲ့ပြီး ချစ်တဲ့ပရိသတ်တွေနဲ့ ပျော်စရာမွေးနေ့ပွဲလေးကို ဖန်တီးခဲ့ပါတယ်။

ပရိသတ်တွေကလည်း သူတို့ Idol အတွက် မွေးနေ့ဆုတောင်း တောင်းပေးခဲ့ကြပြီး ချစ်ခြင်းမေတ္တာတွေကို ဖလှယ်ခဲ့ပါတယ်။ထိုထဲမှာ BTS အဖွဲ့ဝင်တွေလည်းပါပြီး Suga အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။

ထိုထဲမှာ အံ့ဩဖို့ကောင်းတာက စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ အကြီးဆုံးကိုကြီး Jin လည်းပါခဲ့ပြီး ပရိသတ်တွေကလည်း အံ့ဩခဲ့ကြပါတယ်။Jin က Suga ကို ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်ထဲမှာ ဖုန်းသုံးဖို့တင်းကျပ်တာကြောင့် ညနေ (၆) နာရီနောက်ပိုင်းမှသာ အသုံးပြုနိုင်တာဖြစ်ပြီး Jin က ရတဲ့ အချိန်လေးအတွင်းမှာ အခုလိုသူ့ညီလေးအပေါ်ထားတဲ့ ချစ်ခြင်းကိုပြသခဲ့တာကြောင့် ပရိသတ်တွေကလည်း ပီတိဝမ်းသာဖြစ်ခဲ့ကြပါတယ်။

Photos :Credit