မတ်လ ၉ ရက်နေ့က Jin Ah Reum က " My Late Wedding Photos " ဆိုတဲ့ Caption နဲ့အတူ သူရဲ့ မင်္ဂလာဆောင်တုန်းက ပုံလေးတွေကို မျှဝေခဲ့ပါတယ်.. မနှစ်က မင်္ဂလာပွဲကို သတိရတဲ့ အနေနဲ့ သူမက “ကျေးဇူးတင်ရမယ့် သူတွေကိုလည်း အမှတ်ရနေစေချင်လို့ပါ” လို့ ပြောခဲ့ပါတယ်..


မင်္ဂလာပွဲက ပုံလေးတွေ မြင်ပြီးတဲ့နောက်မှာ Fan တွေ ပရိသတ်တွေက “ နတ်သမီးလေးလို လှနေလိုက်တာ”.. “အသဲတုန်းလေး”.. အရမ်းကို ကျက်သရေရှိတာပဲ.. လှလိုက်တာ.. အလှဆုံးသတို့သမီးလေး “ ဆိုပြီး Comment တွေကနေ ဝိုင်းချီးကျုးနေကြပါတယ်..


Nam Goong Min နဲ့ Jin Ah Reum တို့က မနှစ်က အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်.. သူတို့နှစ်ယောက်က “ Light my fire” ဒရမ်မာထဲမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး 6 နှစ်ကြာတွဲပြီးနောက် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်..


သတင်း အရင်းအမြစ်៖ Popular.com