တောင်ကိုရီးယားနာမည်ကြီးမင်းသားကြီး Song Ii Kook ဟာ မကြာခင်မှာ ကျရောက်မယ့် အမွှာလေးတွေရဲ့ မွေးနေ့မှာ သားလေးတွေလိုချင်နေတဲ့ လက်ဆောင်ပေးမယ်လို့ သိရပါတယ်။မတ်လ (၁၆) ရက်နေ့မှာတော့ အမွှာလေး သုံးယောက်ဟာ (၁၁) နှစ်ပြည့်မှာပဲ ဖြစ်ပါတယ်။

အမွှာလေးတွေရဲ့ (၁၁) ပြည့်မွေးနေ့ပွဲကို မိသားစုဆွေမျိုးတွေနဲ့ ကျင်းပမယ်လို့ သိရပြီး ကလေးတွေရဲ့ အဒေါ်တွေကလည်း ချစ်တူလေးတွေအတွက် မွေးနေ့အကြိုလက်ဆောင်တွေတောင် ပေးထားကြပြီလို့ သိရပြီး တူလေးတွေကလည်း အရမ်းပျော်နေကြတယ်လို့ သိရပါတယ်။

ဒါ့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဖေဖေ Song Ii Kook က လည်း ချစ်ရတဲ့ သားလေး သုံးယောက်ကို ဒီနှစ်မှာ အခြားနှစ်တွေနဲ့ မတူတဲ့ လက်ဆောင်ပေးမယ်လို့ သိရပြီး ကလေးတွေလိုချင်နေတဲ့ ဟန်းဖုန်းဝယ်ပေးမယ်လို့ သိရပါတယ်။

မင်းသားကြီးဟာ ကလေးတွေ အသက် (၁၁) ပြည့်မှ ဖုန်းစကိုင်ခိုင်းမှာ ဖြစ်ပြီး ဖေဖေ့လက်ဆောင်အတွက်လည်း သားလေးတွေက ပျော်ပြီး ရင်ခုန်နေတယ်လို့ သိရပါတယ်။သားတွေကို အရမ်းချစ်ပြီး အစစအရာဂရုစိုက်ပေးတဲ့ စံပြဖေဖေကြီးပါပဲနော်။


Photos: Credit to Orginal Uploader





