မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ပိုပို

//s9.kh1.co/da/dad468c64e72a6c8ae578db006346397ed2146f0.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ပိုပို

ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပို ကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ယုံကြည်ရာလမ်းကို အခက်အခဲတွေကြားကနေ အကောင်းဆုံးကြိုးစားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုကတော့ ဂီတနယ်ပယ်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း လျှောက်လှမ်းနေတာ တွေ့ရပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

ပရိသတ်တွေချစ်တဲ့ ပိုပိုဟာ အသက်ငယ်ရွယ်ပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းသူဖြစ်ပြီး အလှူအတန်းတွေကိုလည်း မကြာခဏ လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။ သူမပြုလုပ်ခဲ့တဲ့ အလှူလေးတွေကလည်း တကယ့်ကို မွန်မြတ်လှတာကြောင့် မြင်ရသူအဖို့ ကြည်နူးဝမ်းမြောက်စေခဲ့ပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

ဒီကနေ့မှာကတော့ ပိုပိုက သူမပြုလုပ်ခဲ့တဲ့ အလှူလေးတစ်ခုကို ပရိသတ်တွေ ထပ်တူ သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ဘုရားသားတော်တွေအတွက် အာရုဏ်ဆွမ်းကို ကိုယ်တိုင်ချက်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာတော့ "ဗုဒ္ဓဝိဇန သာမဏေကျော်ကျောင်းမှာ ကြက်သားဘူးသီး နဲ့ ပုဇွန်ဟင်း ကန်စွန်းရွက်ကြော် ထောပတ်သီးဖျော်ရည် ဖရဲသီး (နေ့ဆွမ်း) ရော အာရုဏ်ဆွမ်းကိုရော ကိုယ်တိုင်ချက်ပြုတ် လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ် ..နတ်လူသာဓုခေါ်စေသော်" ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေလည်း ပိုပိုရဲ့ အလှူလေးကို ကြည်နူးပီတိဖြစ်စေမယ်လို့ ထင်ပါတယ်။

Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account
Photo Credit - PoPo fb account

Source - PoPo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T