Guiness World Record ရဲ့ အဆိုအရ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ဟာဆိုရင် လက်ရှိမှာ Spotify ရဲ့ stream အများဆုံး စံချိန်ကြီးတစ်ခုကို ချိုးဖြတ်နိုင်ခဲ့ပြီး ပထမနေရာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာကျော် ကေပေါ့အနုပညာရှင်တွေလိုမျိုးပဲ BLACKPINK ဟာဆိုရင် Spotify မှာ stream အများဆုံး လုပ်ခြင်းခံရတဲ့ အမျိုးသမီး အဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာဆိုရင် ၂၀၁၆ ခုနှစ်တုန်းက “Whistle” နဲ့ “Boombayah” တို့နဲ့ ပွဲဦးထွက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ဗြိတိန် ပေါ့အဆိုတော်အဖွဲ့ဖြစ်တဲ့ Little Mix ကို stream လုပ်သူပေါင်း သန်း ၄၀၀ နဲ့ ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ Spotify မှာသာမက အခြား streaming channel တွေဖြစ်တဲ့ YouTube ၊ UK albums chart နဲ့ US albums chart တို့မှာလည်း ထိပ်ဆုံးဖြစ်ခဲ့ကြတဲ့ အဖွဲ့ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဟာ Spotify ပေါ်မှာလည်း သူတို့အဖွဲ့ရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကို ပြသနိုင်ခဲ့တာကြောင့် မိခင်နိုင်ငံမှာသာမက တိုင်းတစ်ပါးမှာပါ အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ဂုဏ်ယူပါတယ်နော် ကောင်မလေးတို့ရေ .. ဒီထက်မက ကြိုးစားအောင်မြင်ပြီး အခွင့်အလမ်းတွေ အများကြီး ထပ်ရနိုင်ပါစေ။