ထိုင်းမင်းသမီး Yaya က Paris ကို ရောက်နေချိန်မှာ ချစ်သူ Nadech ကတော့ တစ်ကိုယ်တော် သူ့ရဲ့ အိမ်သစ်တတ်ပွဲကို ခမ်းခမ်းနားနားကျင်းပနေခဲ့ပါတယ်.. မတ်လ ၆ ရက်နေ့က Nadech က Sai Mai ဒေသမှာ ဆောက်လုပ်ခဲ့တဲ့ Noreastern စတိုင် အိမ်ပုံစံကို တည်ဆောက်ခဲ့တာဖြစ်ပြီး အိမ်တက်မင်္ဂလာကို သူ့ရဲ့မေမေအနဲ့အတူ ကျင်းပခဲ့ပါတယ်..


အိမ်တက်လုပ်တဲ့ ပုံလေးတွေ၊ အလှူပုံလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ မျှဝေထားပါတယ်.. သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ အနုပညာရှင်မောင်နှမတွေကလည်း ဝိုင်းပြီး Congratulation လုပ်ပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်..


ဒီအိမ်အသစ်နဲ့ ပတ်သက်ပြီး လူတိုင်းသိချင် စိတ်ဝင်စားနေတာကတော့ “Nadech က ဘန်ကောက်မှာ သူ့အိမ်တစ်အိမ် အမေအိမ်တစ်အိမ်ရှိပါတယ်.. ဒါပေမယ့် အခုဆောက်ထားတဲ့ ဒီအိမ်အသစ်က ဘာအတွက် ဆောက်ထားလဲဆိုတာပဲ ဖြစ်ပါတယ်.. မီဒီယာတွေရော အားလုံးရဲ့ ထင်ကြေးတွေကတော့ ဒီအိမ်အသစ်က Yaya နဲ့ လက်ထပ်ပြီးရင် တူတူနေဖို့ ဆောက်ထားတာပဲ ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်..

သတင်း အရင်းအမြစ်៖ kugimiyas's IG Acc