တစ်ခေတ်တစ်ခါက မြန်မာသံစဉ်တေးသီချင်းတွေရဲ့ ထိပ်ခေါင် လို့ဆိုလို့ရလောက်အောင်ကို အောင်မြၽကျော်ကြားမှုကို ရရှိခဲ့သူ ၊ မြန်မာသံစဉ်တေးသီချင်းချစ်မြတ်နိုးသူပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင်တေးသီချင်းတွေကို ပေးပို့နိုင်သူ ကတော့ အားလုံးကချစ်ကြတဲ့အနုပညာရှင်ကြီး တွံတေးစိုးအောင် ဖြစ်ပါတယ်။

မြန်မာသံစဉ်များကို ပီပြင်ပိုင်နိုင်စွာ အကောင်းဆုံးသီဆိုနိုင်ခဲ့တဲ့ တေးသံရှင်ကြီး တွံတေးစိုးအောင် ဟာ " ဦးနဲ့သမီး ၊ ချစ်လျက်နဲ့ဝေးခဲ့ပြီ ၊ ဖြေမဆည်အလွမ်း ၊ အိပ်မက်ကလေးပဲဖြစ်ပါစေ ၊ ကိုယ့်လိပ်ပြာလေးကျန်ခဲ့တယ် " အစရှိတဲ့တေးသီချင်းများနဲ့အတူ အခြားသော တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပါတယ်။

တေးသံရှင်ကြီး တွံတေးစိုးအောင် ဟာ (၂၀၂၃)ခုနှစ် ၊ ဒီကနေ့ မတ်လ(၉)ရက်နေ့ မှာ ကွယ်လွန်တိမ်းပါးသွားပြီဖြစ်တယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်း ရဲ့ ကြေညာချက်အရ သိရပါတယ်။ အဆိုတော်ကြီး တွံတေးစိုးအောင် ဟာ မနက်(၂)နာရီ (၃)မိနစ် မှာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုးအောင် တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

