ဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့ကို ပြန်ပေါင်းစေချင်နေတာကြောင့် အဆဲခံနေရတဲ့ KBS ရုပ်သံလိုင်း

//s9.kh1.co/e9/e9319a106368f25ae1a8d98b069acd32ede330f6.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

စာတွေပါပို့ပြီး အဆဲခံနေရတာတဲ့နော် ..

တောင်ကိုရီးယား နာမည်ကြီး ရုပ်သံလိုင်းဖြစ်တဲ့ KBS  ဟာဆိုရင် ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ ဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့ရဲ့ အနမ်းဇာတ်ဝင်ခန်းကို ပြန်လည်ပြသပြီး သဘောတူနေသယောင်လုပ်ခဲ့တာကြောင့်  netizen တွေရဲ့ ဆဲဆိုခြင်းကို လက်ခံရရှိနေပါတယ်။

Google
Google
Google
Google
Google
Google

KBS ရုပ်သံလိုင်းက မတ်လ ၃ ရက်နေ့တုန်းက ၅၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် 'Your KBS, Our 50 Years' ဆိုတဲ့ ထုတ်လွှင့်မှု တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အထိမ်းအမှတ် သရုပ်ပြပွဲတွေကိုတော့ KBS 1TV မှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဆိုပါ ထုတ်လွှင့်ပြသမှုတွေထဲမှာ ၂၀၁၆ ခုနှစ်တုန်းက နာမည်ကြီးအောင်မြင်ခဲ့တဲ့ 'Descendants of the Sun’ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အဓိက ပြဿနာဖြစ်သွားတဲ့ အကြောင်းအရင်းကတော့ ဆောင်းဟေကိုနဲ့ ဆောင်းဂျွန်ကီတို့ နှစ်ဦးရဲ့ အနမ်း ဇာတ်ဝင်ခန်းတွေကို ထည့်ခဲ့ခြင်းဖြစ်ပါတယ်။ ဆောင်းဟေကိုနဲ့ဆောင်းဂျွန်ကီတို့က ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

Google
Google

'Descendants of the Sun' ဇာတ်လမ်းတွဲက အောင်မြင်တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် ဆောင်းဟေကိုနဲ့ ဆောင်းဂျွန်ကီတို့ရဲ့ အနမ်းဇာတ်ဝင်ခန်းကို သီးသီးသန့်သန့် ပြန်ကြည့်ရတာ တောင်ကိုရီးယား ပရိသတ်တွေအတွက် အဆင်မပြေစေခဲ့ပါဘူး။

Youtube

ဆောင်းဂျွန်ကီဘက်ကလည်း မကြာသေးမီးကမှ နောက်အိမ်ထောင်တစ်ခု ထူထောင်ထားတာကြောင့် ပရိသတ်တွေက KBZ ရုပ်သံလိုင်းကို မီးပြန်မွှေးနေတယ်ဆိုပြီး ဆဲဆိုနေကြတာဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T