လူမြင်ကွင်းမှာ Jennie အပေါ် ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့် ချီးကျူးခံနေရတဲ့ Park Seo Joon

//s9.kh1.co/e7/e7243736d945cc630d096a92e870286b566dd8c8.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ချစ်ဖို့ကောင်းလိုက်တာ .. အိုပါးကို ကြိုက်ရတာ တန်သွားပြီ ..

တောင်ကိုရီးယားမင်းသား Park Seo Joon ဟာဆိုရင် ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Chanel အမှတ်တံဆိပ် show ပွဲမှာ Blackpink အဖွဲ့ဝင် Jennie အပေါ်ကို ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသား Park Seo Joon နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ဟာဆိုရင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ Chanel’s Fall-Winter 2023/24 Ready-to-Wear Show ပွဲမှာ ရင်းနှီးခင်မင်းစွာနဲ့ အတူတွဲတွေ့ခဲ့ရတာကြောင့် ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှုကို များစွာရရှိနေခဲ့တာဖြစ်ပါတယ်။

Google
Google

Jennie နဲ့ Park Seo Joon နှစ်ယောက်သားက လိုက်ဖက်ညီလွန်းနေပြီး ချစ်ဖို့ ကောင်းလွန်းနေပါတယ်။ Jennie ဟာဆိုရင် မကြာသေးမီက သူမရဲ့မျက်နှာမှာ ထိခိုက်ဒဏ်ရာ ရထားတဲ့သူလေး ဖြစ်ပါတယ်။ ဒါ ကြောင့် Jennie ဒဏ်ရာရနေတဲ့ ပုံစံကို ပရိသတ်တွေ အားလုံးက စိတ်ဝင်စားမှု မြင့်တက်နေပြီး စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

သတင်းထောက်တွေက Jennie ရဲ့ မျက်နှာကို အာရုံစိုက်မှု ပိုများလာပြီး ဓာတ်ပုံတွေ ဝိုင်း ရိုက်ကြတာကြောင့် Jennie တစ်ယောက် အရမ်း ရယ်မိပြီး ကင်မရာတွေကြားမှာ လမ်းပျောက်နေခဲ့ပါတယ်။ ဒါ ကို သတိထားမိခဲ့တဲ့ Park Seo Joon က Jennie ကို ကာကွယ်ပေးတဲ့အနေနဲ့ ကင်မရာတွေ ရှေ့ကို သူ့ကိုယ်လုံးနဲ့ ကွယ်ပေးခဲ့ပါတယ်။ အဆိုပါ အပြုအမူလေးက အရမ်းကို ယောကျာ်း ပီသလွန်းပြီး ချီးကျူးဖို့ကောင်းတဲ့ အပြု အမူ ဖြစ်တာကြောင့် ပရိသတ်တွေက များစွာ သဘောကျ နှစ်သတ်ကာ ချီးကျူးနေကြပါတယ်။  

Google
Google

BLACKPINK အဖွဲ့ဟာဆိုရင် လက်ရှိမှာ “BORN PINK” concert အတွက် မလေးရှားနိုင်ငံကို ရောက်ရှိနေပြီး ဇွန်လ ၄ ရက်နေ့အထိ ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။  

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T