BTS အဖွဲ့ဝင် Jin ဟာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတာ အချိန်အတော်ကြာပြီဖြစ်ပြီး ပရိသတ်တွေကလည်း လွမ်းနေကြတာ ဖြစ်ပါတယ်။ဒါပေမယ့် Jin ကတော့ စစ်တပ်ထဲမှာ သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်လျက်ရှိပြီး အပေါင်းအသင်း အသစ်တွေပါရနေပြီ ဖြစ်ပါတယ်။

မကြာသေးခင်က Jin တို့ စစ်တပ်ထဲမှာ ရီစရာအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်ကြောင့် Jin ဟာ စစ်တပ်ထဲမှာပါ ရဲဘော်တွေရဲ့ ချစ်ခြင်းကိုပါ ခံနေရကြောင်း မြင်သာစေခဲ့ပါတယ်။စစ်တပ်ထဲက ရဲဘော်တစ်ယောက်ဟာ သူ့အိမ်ကို စာပြန်ပို့တဲ့ထဲမှာ Jin နဲ့အကြောင်းလေး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အမှားတစ်ခုကြောင့် အရိုက်ခံခဲ့ရပြီး သူနဲ့ သိပ်မနီးမဝေးမှာ Jin ကိုကိုယ်တိုင်တွေ့လိုက်ရတော့ အတော်လေးအံ့ဩခဲ့ရပြီး ဒါ Jin ပါလားဆိုတဲ့ အထိဖြစ်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ဒါကို ကြည့်ခြင်းအားဖြင့် ရဲဘော်တွေရဲ့ Jin အပေါ်ထားတဲ့ လေးစားမှုနဲ့ ချစ်ခင်မှုကို မြင်တွေ့နိုင်တာပဲ ဖြစ်ပါတယ်။

ထိုအဖြစ်အပျက်ကို သိရသူတိုင်းကလည်း ဟာသအဖြစ်အပျက်လေးဆိုပြီး ရီမောခဲ့ကြပါတယ်။ မကြာသေးခင်က အကိုကြီး Jin ကိုလွမ်းတာကြောင့် BTS အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ J-Hope နဲ့ Jimin တို့က သွားတွေ့ခဲ့ကြပါသေးတယ်။

Photos: Credit