အဖွဲ့ဝင်အားလုံးရဲ့ Solo Album စံချိန်တွေကို ကျော်ဖြတ်သွားတဲ့ Jisoo ရဲ့ Album အသစ်

//s9.kh1.co/35/35046a69ba374a0f3d8dbc891cbeae5604dab4a0.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

Jisoo ရဲ့ မကြာခင်မှာ ထွက်ရှိတော့မယ့် Album ဟာ ပရိသတ်တွေမထင်ထားလောက်တဲ့အထိ...

Blackpink ရဲ့ Jisoo ဟာ မကြာသေးခင်က Solo Album အသစ်ထွက်မယ့်ရက်ကို အသိပေးခဲ့ပြီး ပရိသတ်တွေကို အံ့ဩစေခဲ့ပါတယ်။ထို Album ဟာ မထွက်ခင်နာရီပိုင်းအတွင်းမှာတင် စံချိန်တွေချိုးပစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/91/91c85e137bcd0665c46e6881c01d75b6da115bdd.jpg

Jisoo ဟာ Album နာမည်တောင် မသိရသေးခင်မှာပဲ  Pre-Order ရောင်းအား 119k ကျော်ခဲ့တာ ဖြစ်ပြီး Jisoo ရော Jisoo ပရိသတ်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ဒါ့အပြင် Jisoo ရဲ့ Album ဟာ တစ်ပတ်အတွင်း Pre-Order ရောင်းအား 100kနဲ့အထက် အများဆုံးပိုင်ဆိုင်တဲ့ First Ever K Pop Solo Albumအဖြစ် စံချိန်ချိုးသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=670,q=100/b8/b8128dbfbff292ba1c54c48c865a470d9b3c662b.jpg

JISOO ဟာလည်း  K Pop Soloist တွေထဲမှာရော K Pop Female Sololistတွေထဲမှာပါ (၂၄) နာရီအတွင်း Pre-Orderရောင်းအားအမြင့်ဆုံးနဲ့ အမြန်ဆုံး ရရှိလာတဲ့ ပထမဆုံး အနုပညာရှင်လာခဲ့ပါတယ်။အခုအချိန်အထိ ရောင်းအားတက်နေဆဲ ဖြစ်တာကြောင့် ဆက်လက်စံချိန်တွေတိုးဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=704,q=100/ca/cad3a6be9fb17ab5c267b67e911869c132b0d116.jpg

Blinks လေးတွေကပါ Jisoo အတွက်ပါ ဂုဏ်ယူဝမ်းသာနေကြပြီး Album ထွက်မယ့် အချိန်ကိုလည်း  မစောင့်နိုင်လောက်အောင်ဖြစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/a6/a6d7cce9c7076f89c59e938fe455712fbd856f8b.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T