တောင်ကိုရီးယားမင်းသား Lee Jee Hoon ဟာဆိုရင် သူ့ကို အားပေးချစ်ခင်ခဲ့တဲ့ ပရိသတ်မလေးနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား Lee Jee Hoon က ၂၀၀၈ ခုနှစ်တုန်းက Girls’ Generation အဖွဲ့ဝင် YoonA နဲ့ You Are My Destiny ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသား Lee Jee Hoon က သူနဲ့ အသက် ၁၄ နှစ်ကွာတဲ့ အနုပညာလောကထဲက မဟုတ်တဲ့ ဂျပန်လူမျိုး ကောင်မလေးနဲ့ ၂၀၂၁ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

Lee Jee Hoon ရဲ့ ချစ်သူ ဂျပန်ကောင်မလေး နာမည်က Miura Ayane ပဲ ဖြစ်ပါတယ်။ Miura Ayane ရဲ့မိခင်ကြီးက မင်းသား Lee Jee Hoon ရဲ့ ဇာတ်လမ်းတွဲတွေ ကြည့်ရတာကို သဘောတာကြောင့် ဂျပန်မလေးက သူ့ကို တီဗီဖန်သားပြင်ပေါ်မှာ ခဏခဏ မြင်ဖူးတယ်လို့ သိရပါတယ်။ Lee Jee Hoon ကို တီဗီထဲမှာ မြင်ဖူးရင်းနဲ့ ဂျပန်မလေး Ayane က တောင်ကိုရီးယာကိုလာပြီး ကိုရီးယားစာသင်ဖို့အတွက် စတင် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

Ayane က တောင်ကိုရီးယားနိုင်ငံက ကောလိပ်တစ်ခုမှာ တက်ရောက်ခဲ့ပြီး ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူမ ကြိုက်ရတဲ့ မင်းသားက ဂီတကို ကြိုက်တယ်သဘောကျတယ်လို့ သိရတာကြောင့် Ayane က ဂီတကို လိုက်လံဆည်းပူးလေ့လာခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်မှုကြောင့်လား မသိပေမယ့်သူမ အားပေးရတဲ့ မင်းသား Lee Je Hoon ကို musical show မှာ မကြာခဏ တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။


Ayane က က မင်းသား Lee Je Hoon နဲ့ ပါတီပွဲတွေမှာ မကြာခဏတွေ့လေ့ရှိပြီး ဖုန်းနံပါတ်တွေလည်း အလဲအလှယ်လုပ်ထားတယ်လို့ သိရပါတယ်။ Ayane ဟာဆိုရင် သူမချစ်ရတဲ့ မင်းသားနဲ့ တွေ့ရဖို့အတွက် ၃ ကြိမ် ၃ ခါတိတိ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ ပထမ ၁ ခါ တွေ့ဖို့ ချိန်းတဲ့ အချိန်မှာ Lee Je Hoon က ဖုန်းပျောက်သွားတယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒုတိယအကြိမ် ထမင်း အတူတူ စားပြီး တွေ့ဖို့ ချိန်းခဲ့တဲ့ အခါမှာလည်း Lee Je Hoon က အစာအိမ်နာ ဖြစ်တဲ့အတွက် မတွေ့ခဲ့ရဘဲ ပျက်ခဲ့တယ်လို့ သိရပါတယ်။ တတိယအကြိမ် တွေ့ဖို့ ချိန်းတဲ့ အခါမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေ ပြန့်နှံ့နေတာကြောင့် တွေ့ဖို့ ပျက်ခဲ့ပြန်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက လက်မလျော့ဘဲ တွေ့ဖို့ ဆက်လက်ပြီး ကြိုးစားခဲ့တာကြောင့် နောက်ဆုံးအကြိမ် စတုထ္ထအကြိမ်မှာ နှစ်ယောက် တွေ့ဆုံနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဂျပန်မလေး Ayane သာ မင်းသား Lee Jee Hoon ကို မကြိုက်ခဲ့ဘူးဆိုရင် ကိုရီးယားကိုလာပြီး ကိုရီးယားစာကို လေ့လာခဲ့မှာ မဟုတ်ပါဘူး။ မင်းသား Lee Jee Hoon နဲ့ တွေ့နိုင်မယ့် အခွင့် အရေးလည်း ရှိခဲ့မှာ မဟုတ်ပါဘူး။


လူမျိုးမတူတဲ့ ပရိသတ် မလေး အဖြစ်ကနေ ကိုယ်ကြိုက်တဲ့ တောင်ကိုရီးယားမင်းသား အဖြစ်နဲ့ ရယူနိုင်ခဲ့တဲ့ ဂျပန်မလေး Miura Ayane ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။