အင်တာနက်ရဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကြောင့် သူမရဲ့ Social Media app တွေကို ဖုန်းထဲကဖျက်ပစ်လိုက်တဲ့အကြောင်း Billie Eilish က ပြောခဲ့ပါတယ်။ဒီရက်ပိုင်းတွေအတွင်း digital platform မှာ တက်ကြွမှုအားနည်းခဲ့တဲ့ Grammy ဆုရှင်ဟာ 'Conan O'Brien Needs a friend ' popcast မှာ သူမအစ်ကိုဖြစ်တဲ့ Finneas နှင့်အတူ Social Media platform နဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

'ငါမကြည့်တော့ပါဘူး။ ဖုန်းထဲမှာရော အကုန်ဖျက်လိုက်ပြီလို့' မထုတ်လွှင့်ရသေးတဲ့ အပိုင်းတစ်ခုမှာ ၂၁ နှစ်အရွယ် Billie Eilish က ပြောခဲ့ပါတယ်။"ငါဟာအင်တာနက်ကိုအမြဲအသုံးပြုတတ်တဲ့သူ တစ်ယောက်ပါ။ တဖြည်းဖြည်းနဲ့ ကြည့်ခဲ့တဲ့ vedio တွေ နှင့်အကြောင်းအရာတွေဟာ ငါ့အကြောင်းတွေပဲဖြစ်နေပါတယ်။ 'သူမက ဒါကိုမကြိုက်ဘူး၊ သူမအရမ်းဆိုးတယ်' ဒါတွေကြီးပါပဲ" လို့ Billie Eilish ကပြောခဲ့ပါတယ်။

"အင်တာနက်မှာ ငါဖတ်ခဲ့သမျှကိုငါယုံတယ်။ အဲ့တာ တုံးအတယ်ဆိုတဲ့အချက်ကို ငါသိခဲ့ပါတယ်။ ဘာကြောင့်လဲဆို ဖတ်ခဲ့သမျှအားလုံးက မမှန်ဘူးဆိုတာ ငါသက်သေပြနိုင်လို့ပါပဲ။ ဒါဟာ လူတိုင်းရဲ့ခေါင်းထဲမှာ သေးငယ်တဲ့အဖြူရောင်မုသားလေးတွေလိုပါပဲ၊ ဒါပေမယ့် လူတိုင်းကယုံကြည်ကြပါတယ်" လို့ သူမရဲ့ social media platform ကိုဖျက်ပစ်ရတဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

Rolling Stone အပါအဝင် သတင်းဌာနအားလုံးရဲ့အဆိုအရ podcast အပြည့်အစုံကို မတ်လ ၂၇ တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။