ကမ္ဘာ့အချောဆုံးမင်းသားလို့တောင် ပရိသတ်တွေကရော ကမ္ဘာကပါ သတ်မှတ်ခံခဲ့ရပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်ပဲလှော် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးအဖြစ် သတ်မှတ်ခံရသူကတော့ လက်ပွားမင်းသားလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ရီသိက်ရိုရှန်း ပဲဖြစ်ပါတယ်။

ပထမအိမ်ထောင် နဲ့ ကွဲခဲ့ဖူးတဲ့ လက်ပွားမင်းသား ရီသိက်ဟာ လက်ရှိမှာ ချစ်သူအသစ်ရရှိနေပြီဖြစ်ပြီး လက်ရှိ မှာ သူနဲ့ ချစ်ကျွမ်းဝင်နေတဲ့ သူ့ထက် (၁၂) နှစ််ငယ်သူ အဆိုတော်မလေး ဆဗားနဲ့ လာမယ့် နိုဝင်ဘာလထဲ လက်ထပ်သွားမယ်ဆိုတဲ့ သတင်းတွေဟာ သို့လောသို့လော နဲ့ ထွက်လာခဲ့ပါပြီ။

ရီသိက်ဟာ ဇနီးဟောင်း ဆူဇန်ခန်းနဲ့ (၂၀၀၀) ခုနှစ်မှာ
လက်ထပ်ပြီး သား(၂) ယောက်ရှိခဲ့ပေမယ့်လည်း (၂၀၁၄) မှာတော့ ဘယ်လိုမှ ရှေ့ဆက်မရနိုင်တော့တဲ့အကြောင်းတွေကြောင့် ရီသိက်နဲ့ ဆူဇန်ခန်းတို့ တရားဝင်ကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီးနောက်
(၆) နှစ်ကျော် တစ်ကိုယ်တည်းဖြတ်သန်းခဲ့တဲ့ ရီသိက်ဟာ (၂၀၂၁) မှာတော့ ဆဗားနဲ့ စ ချိန်းတွေ့ခဲါပြီး (၂၀၂၂) ဇန်နဝါရီလမှာ ပရိသတ်ရှေ့ထုတ်ပြပြီး တရားဝင် တွဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။








