ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းတွဲနဲ့ မြန်မာ ပရိသတ်တွေကြားမှာ ဂျွန်စောလို့ လူသိများလာတဲ့တောင်ကိုရီးယားမင်းသား Song Seung-heon ဟာဆိုရင် လက်ရှိမှာ အသက် ၄၆ နှစ်အရွယ်ရှိသွားပြီပဲဖြစ်ပါတယ်။ Song Seung-heon ဟာဆိုရင် သရုပ်ဆောင်ကောင်းမွန်လွန်းသူတစ်ယောက်ဖြစ်တဲ့ အလျောက် လက်ရှိအချိန်အထိ ဇာတ်ကားများစွာထဲမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Song Seung-heon က အိမ်ထောင်မပြုရသေးတဲ့ လူပျိုကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသားကြီး Song Seung-heon က Black Night ဆိုတဲ့ ဇာတ်လမ်း မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

အသက် ၄၆ နှစ်အရွယ် မင်းသားကြီး Song Seung-heon က သူ့ရဲ့ ချောမောခန့်ညားနေတဲ့ မျက်နှာလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေကို မကြာခဏ ချုပ်လေ့ရှိပါတယ်။



အသက် ၅၀ နီးပါးအရွယ်ရောက်နေပြီဖြစ်တဲ့ ဂျွန်စောခေါ် မင်းသားကြီး Song Seung-heon ရဲ့ နုပျိုနေဆဲ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။