အရက်မသောက်တော့ဘူးဆိုကာမှ Soju ရဲ့ မော်ဒယ်လ်အဖြစ် အရွေးခံခဲ့ရတဲ့ Han So Hee

//s9.kh1.co/b5/b57ac943f4abe0445d7252568d9353af98beba93.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

Han So Hee ဟာမကြာသေးခင်က ပရိသတ်တွေကို အရက်မသောက်တော့ဘူးလို့ ပြောကြားခဲ့ပေမယ့်....

တောင်ကိုရီးယားနာမည်ကြီး မင်းသမီး Han So Hee ဟာ တောင်ကိုရီးယားရဲ့ နာမည်ကြီး အရက် Soju ရဲ့  Model အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပေမယ့် မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဖြစ်ကြောင့် ပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=521,h=419,q=100/d4/d447aaef3ee5735966e3ee50990c917ba444b949.png

Han So Hee ရဲ့  မကြာသေးခင်က အရက်သောက်ပြီး လဲလျောင်းနေတဲ့ ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေရဲ့  အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Han So Hee ဟာ အရက်ဖြတ်တော့မယ်လို့ သူမပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=506,q=100/95/95f3dd5850914ac19f01540c91d3de6dd679f63c.jpg

ထိုအချိန်ကျမှ Han So Hee အနေနဲ့  Lotte Chilsung Beverage ရဲ့ Soju အမှတ်တံဆိပ် Cheoreom အတွက် မော်ဒယ်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး သူမရဲ့ ပုံရိပ်နဲ့ လှပတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူတို့နဲ့ကိုက်ညီမယ်ထင်တဲ့အတွက် ရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=425,h=425,q=100/87/879390c9819d637381e2fd1dd42f44f75685542c.avif

Soju ဟာ Han So Hee နဲ့အတူ စျေးကွက်ရှာဖွေရေး လှုပ်ရှားမှု အမျိုးမျိုးလုပ်ဆောင်သွားမယ်လို့ သိရပြီး Han So Hee ပါဝင်တဲ့ ကြော်ငြာတွေကို မတ်လ ၆ ရက်နေ့မှာ Lotte Chilsung Beverage ရဲ့ တရားဝင်ချန်နယ်မှာ ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/dc/dcc738496167545df3cb4724bbc23e4d164a1d48.webp
https://s9.kh1.co/__image/w=650,h=434,q=100/60/60ff615361da17e60d38ffa1afc95ebd2566e769.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T