မကြာသေးမီက Pop King ဖြစ်တဲ့ Michael Jackson ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်မယ့် ရုပ်ရှင်ကိုရိုက်ကူးတော့မယ်လို့ သိခဲ့ရပါတယ်။ဒါ့ကြောင့် ပရိသတ်တွေဟာ သူတို့ရဲ့ ဂန္တဝင်ကြီးနေရာကို ဘယ်သူက သရုပ်ဖော်ပေးမလဲဆိုတာ အရမ်းသိချင်ခဲ့ကြပြီး အခုအချိန်မှာတော့ Michael Jackson နေရာမှာ သရုပ်ဆောင်မယ့်သူ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

သူကတော့ တခြားသူမဟုတ်ပဲ Michael Jackson ရဲ့ တူအရင်းဖြစ်တဲ့ jaafar Jackson ပဲဖြစ်ပါတယ်။ jaafar Jackson ဟာ အဆိုတော်လည်းဖြစ်သလို ယခုအခါမှာလည်း ဦးလေးဖြစ်သူ Michael Jackson အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒါရိုက်တာ Antoine Fuqua က တရားဝင်အတည်ပြုခဲ့ပြီပဲ ဖြစ်ပါတယ်။

Michael Jackson ရုပ်ရှင်ဟာ (၂၀၂၃) မှာပဲ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး Michael Jackson ရုပ်ရှင်ကို Bohemian Rhapsody ရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ အော်စကာဆုရှင် Graham King က ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Skyfall ရဲ့ ဇာတ်ညွှန်းဆရာ John Logan ဟာလည်း Michael Jackson ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးပေးမှာဖြစ်ပါတယ်။

Michael Jackson ဟာ ဇွန် (၂၅) ရက် (၂၀၀၉) ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့ သီချင်းတွေနဲ့ ကကွက်တွေဟာ (၂၀) ရာစုမှာသာမက လက်ရှိအချိန်အထိပါ ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကို ခံနေရတုန်းပဲ ဖြစ်ပါတယ်။
