ဘဝရဲ့အကြီးမားဆုံး စိတ်ဒဏ်ရာကြီးအကြောင်းပြောလာတဲ့ BTS အဖွဲ့ဝင် J-Hope

//s9.kh1.co/7e/7ede574e26042b6c8b239a9c8470c530976c1921.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကောင်လေးက တော်တော်ခက်ခဲခဲ့တာ ..

BTS အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ J-Hope ဟာဆိုရင် လေ့ကျင့်ရေးကာလတွေမှာ ခက်ခဲလွန်းခဲ့တာကြောင့် ပွဲဦးထွက်ပြီးပြီးချင်းမှာ ရွာပြန်သွားခဲ့တဲ့သူဖြစ်ပါတယ်။ စစ်မှုထမ်းကာလ မရောက်ခင်မှာ J-Hope နဲ့ ပတ်သက်တဲ့ အမှတ်တရ အဟောင်းလေးတွေကို ပရိသတ်တွေက ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ BTS အဖွဲ့ဝင်တွေက စစ်မှုထမ်းဆောင်ဖို့ကို အဖွဲ့လိုက်ကြီးထက် တစ်ယောက်ချင်း ဝင်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါ ကြောင့် သူတို့တွေ အနေနဲ့ တစ်ဦးချင်း လှုပ်ရှားမှုထက် အဖွဲ့လိုက် လှုပ်ရှားမှုသာ ရရှိခဲ့ပါတယ်။

Google
Google

BTS အဖွဲ့ဝင် J-Hope ဟာဆိုရင်လည်း စစ်မှုထမ်းဆောင်တဲ့ ကာလကို အသက် ၃၀ အရွယ်မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မကြာခင်မှာ စစ်မှု ထမ်းဆောင်ရတော့မှာဖြစ်လို့ J-Hope ရဲ့ အမှတ်တရဟောင်းလေးတွေကို  အာမီလေးတွေက လိုက်ရှာခဲ့ကြပါတယ်။  J-Hope ရဲ့ နာမည်အရင်းက Jung Ho Seok ဖြစ်ပြီး Gwangju မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ BTS အဖွဲ့ဝင် J-Hope က ပွဲဦးထွက်ကာလ မတိုင် ခင်မှာ street dancer တစ်ယောက်ဖြစ်ပါတယ်။

Google
Google

J-Hope က အက အရမ်းတော်တဲ့သူဖြစ်တာကြောင့် ပြိုင်ပွဲတွေများစွာမှာ ဝင်ရောက်ယှဉ်ပြိုင်းပြီးတော့ ဆုတွေ အများကြီး ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ J-Hope က BTS ရဲ့ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ နာမည်ကြီးပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Google
Google

J-Hope ဟာဆိုရင် ထရိန်နီဘဝတုန်းက ခက်ခဲဆင်းရဲပြီး ပင်ပန်းလွန်းတာကြောင့် ကုမ္ပဏီကနေထွက်ပြီး  Gwangju ကို ပြန်ဖို့အထိ ဆုံး ဖြတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက RM နဲ့  Jungkook တို့ကမထွက်သွားဖို့ တားခဲ့ကြတယ်လို့ သိရပါတယ်။

Google
Google

Jungkook က မသွားဖို့အတွက် ဖက်ငိုပေးခဲ့တယ်လို့ သိရပြီး တက်နိုင်သမျှ ခွန်အားလေးနဲ့ တားပေးခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်တွေကပေးတဲ့ အင်အားကြောင့်သာ J-Hope က အားအင်တွေ ပြည့်လာပြီး BTS အဖွဲ့အနေနဲ့ ပွဲဦးထွက်တဲ့အထိ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Google
Google

အဆိုတော်အလုပ်က ခက်ခဲလွန်းတာကြောင့် ရွာပြန်ခဲ့ချင်တဲ့အထိ ဖြစ်ခဲ့တဲ့ တောင်ကိုရီးယား ထိပ်တန်း အဆိုတော် အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ J-Hope ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T