ဖေဖော်ဝါရီ ၂၈ KST တွင် Korea နာမည်ကြီးမင်းသား လီဗြောင်ဟွန်းဟာ အမျိုးသားအခွန်ဌာနရဲ့ စစ်ဆေးခြင်းကို ခံခဲ့ရပြီး ဝမ် သန်း ၁၀၀ ဒဏ်ရိုက်ခံရကြောင်းအတည်ပြုခဲ့ပါတယ်။

Assessment Agency ရဲ့ အဆိုအရ အမျိုးသားအခွန်ဌာနဟာ လီဗြောင်ဟွန်းနှင့် BH Entertainment တို့ကို အရင်နှစ် စက်တင်ဘာလမှာ အခွန်စာရင်းစစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ BH Entertainment ဟာ ၂၀၀၆ ခုနှစ်မှာ လီဗြောင်ဟွန်းတည်ထောင်ခဲ့တဲ့ Entertainment Management company တစ်ခုဖြစ်ပြီး အောင်မြင်တဲ့ Company တစ်ခုလည်းဖြစ်ပါတယ်။

လီဗြောင်ဟွန်းကို ဒဏ်ငွေထပ်တိုးချမှတ်ရတဲ့ အကြောင်းရင်းကို လူအများစုက စိတ်ဝင်စားနေကြပြီး အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုနှင့် ဆက်စပ်နိုင်တယ်လို့ အချို့က ထောက်ပြကြပါတယ်။ အခွန်ရှောင်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
" အခွန်ကို နိုင်ငံတော်အခွန်ဌာနက ကောက်ခံတာမှန်ပါတယ်. . ဒါပေမယ့် အခွန်ရှောင်တဲ့ ပြသာနာတော့မဟုတ်ဘူး" လို့ BH Entertainment က ဖြေရှင်းထားပါတယ်။
" ဝန်ထမ်းတွေကို Bonus ပေးတဲ့ အပိုင်းနှင့် အချို့ Model ကြေးတွေကို လှူးဒါန်းဖို့ ဖယ်ထားတဲ့အတွက်ကြောင့် ဒီပြသာနာဖြစ်လာတာ" လို့လည်း ထပ်ဖြေရှင်းထားပါတယ်။