ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ရဲ့ ရက်လည်အတွက် မိသားစုဝင်များကအလှူပြုလုပ်

//s9.kh1.co/80/80a274b6fc909bbf7b1ce5c7a52afc38b94aeb7c.jpg
အနုပညာရှင်များ

 ၂၇-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

အသက်(၅၇) နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီသီဟတင်စိုးအတွက်....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တော်လှန်ရေးဇာတ်ကားတွေမှာ အမြဲလိုလိုပါဝင်လေ့ရှိပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်က ချစ်စနိုးနဲ့ အမြဲစနောက်လေ့ရှိကာ အမြဲသတိတရရှိနေကြတဲ့ အနုပညာရှင်ကြီးလို့ဆိုရရင်တော့ အားလုံးကချစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ဟာ ဖေဖော်ဝါရီ (၂၁)ရက်နေ့ က နှလုံးရောဂါဖြင့် ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်ဆုံးပါးသွားခဲ့တာကြောင့် သူ့ရဲ့ဆုံးရှုံးမှုကို ပရိသတ်တွေကအတော်လေး နှမြောတသနဲ့ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ (၂၃)ရက်နေ့မှာတော့ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုးရဲ့ နောက်ဆုံးခရီးစဉ် ကို သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်အချို့က လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အဲ့သလို ဦးသီဟတင်စိုးရဲ့ နောက်ဆုံးခရီးစဉ် ပုံရိပ်တွေ ဟာ ပရိသတ်တွေရဲ့ ရင်ထဲအမြဲကို ထင်ကျန်နေစေနိုင်တဲ့အထိကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ ဖေဖော်ဝါရီ (၂၇)ရက်နေ့ မှာတော့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ကွယ်လွန်တာဟာ တစ်ပတ် (ခုနှစ်ရက်) ပြည့်သွားကာ ရက်လည်ခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ဆုံးပါးတာ ရက်လည်သွားပြီဖြစ်တဲ့ ကိုသီဟတင်စိုးအတွက် မိသားစုဖြစ်သူက ရက်လည်အလှူပြုလုပ်ပေးခဲ့ပါတယ်။ မိသားစုဝင်တွေက ရက်လည်အလှူ ပြုလုပ်ပေးနေခဲ့ပုံ ကို ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T