လှပပြီး ဆွဲဆောင်မှုရှိတဲ့ American Model Hailey Baldwin Bieber ဟာ Justin Bieber ကို ဘာလို့လက်ထပ်ဖြစ်လဲဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့ပါတယ်။

ဒီလ Vogue Australia ရဲ့ မျက်နှာဖုံးဇာတ်လမ်းအတွက် ခင်ပွန်းဖြစ်သူ American singer Justin Bieber နဲ့ interviewမှာ သူတို့အိမ်ထောင်ရေးရဲ့ အကြိုက်ဆုံးအပိုင်းကို အသက် ၂၆ နှစ်အရွယ် Model Hailey Bieber က ပြောပြပေးခဲ့တာဖြစ်ပါတယ်။

"အိမ်ထောင်ရေးနှင့်ပတ်သတ်ပြီး အကြိုက်ဆုံးအပိုင်းက ရိုးသားတဲ့မိတ်ဆွေတွေအဖြစ်ခံစားခဲ့ရတာကိုပါ" လို့ ၂၈ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber ကို ဝန်ခံခဲ့ပါတယ်။ " တကယ်တော့ နင်က တစ်ကမ္ဘာလုံးမှာ ငါ့အတွက်အကောင်းဆုံးသူငယ်ချင်းပါပဲ။ ဘယ်သူနဲ့မှ နင့်လောက် အချိန်တွေရော၊ တခြားအရာတွေရော အတူတူမကုန်ဆုံးချင်ဘူး" လို့လည်း ထပ်ပြောခဲ့ပါတယ်။ ချစ်တတ်လိုက်ပုံများ..။

Justin Bieber နှင့် Hailey Bieber တို့ဟာ စက်တင်ဘာလတုန်းက လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၁၈ ဇူလိုင်မှာ စေ့စပ်ခဲ့ကြပြီး နှစ်လအကြာ New York မြို့ တရားရုံးမှာလက်ထပ်ပွဲကို တိတ်တဆိတ်ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ ဘယ်သူ့စကားကိုမှ နားမထောင်ဘဲ ဆက်လုပ်ခဲ့ကြတာပါလို့လည်း The People media က အတည်ပြုခဲ့ပါတယ်။ သီးသန့်ကတိကဝတ်ပြုပြီး တစ်နှစ်နီးပါးအကြာမှာတော့ အချစ်ငှက်လေးတွေဟာ ပိုပြီးကြီးကျယ်တဲ့ အခမ်းအနားကို South Carolina မှာ သူငယ်ချင်း၊ မိသားစုတွေနှင့် အတူတူကျင်းပခဲ့ကြပါတယ်..။