ကလေးသရုပ်ဆောင်တုန်းက မျက်နှာလေးအတိုင်း ပုံစံတူလုပ်ပြလိုက်တဲ့ Wang Seok Hyeon

//s9.kh1.co/4c/4cf2f299e67d8a2518164130c0747b13518c5b3c.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကလေးသရုပ်ဆောင်တုန်းကမျက်နှာလေးအတိုင်း ပုံစံတူလုပ်ပြလိုက်တဲ့ Wang Seok Hyeon

တောင်ကိုရီးယားမင်းသား Wang Seok Hyeon ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ Scandal Makers ဇာတ်လမ်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=673,q=100/b0/b0aa1f1d27c91c8b1473d25a286bac1c1ea1c97d.png

Wang Seok Hyeon က ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်နဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆုတောင်းစကားလေးတစ်ခွန်းဝေမျှပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=372,h=333,q=100/c8/c88fb6e9233a532ffb0ee499e38dca473b6c0004.png

Wang Seok Hyeon က အဆိုပါ ဆုတောင်းစကားကို ကလေးသရုပ်ဆောင် လုပ်ခဲ့တဲ့က မျက်နှာအနေအထားလေးနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။Wang Seok Hyeon ရဲ့ ပုံရိပ်ကို မြင်မြင်ချင်းမှာ ပရိသတ်တွေအများစုက “ 'Scandal Maker' ထဲက ကလေးလေးက တော်တော်လေး အရွယ် ရောက်နေပြီဖြစ်ကြောင်း ၊

https://s9.kh1.co/__image/w=620,h=930,q=100/8d/8d3bce05bf862e04aa3d87d8bccfdf4eb8cda593.png

သူတို့အားလုံးရဲ့ အသက်တွေဟာလည်း ကြီးနေပြီဖြစ်ကြောင်း ၊ Wang Seok Hyeon လေး ဘယ်အချိန်တုန်းက အခုလိုမျိုး မြန်မြန် အရွယ်ရောက်လာခဲ့တာလဲ ဆိုတဲ့အကြောင်း ၊ Seok Hyeon ကတော်တော်လေး လူကြီးလေးဖြစ်လာတာပဲ ဆိုတဲ့အကြောင်းတွေနဲ့ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းစကားလေးတွေကို မှတ်ချက်လေးတွေ ပေးထားကြပါတယ်။Wang Seok Hyeon က ကလေးသရုပ်ဆောင်လေးအနေနဲ့ အသက် ၆နှစ်အရွယ် ၂၀၀၈ ခုနှစ်ကတည်းက ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=430,h=660,q=100/a5/a53ded4f7b381cfae59a0cc037628e765fa90f64.png

Wang Seok Hyeon က လာမယ့် ဇွန်လမှာ အသက် ၂၀ ပြည့်တော့မှာ ဖြစ်ပြီး အရပ်အရှည်ကြီးဖြစ်ကာ ခန့်ညားတဲ့သူအဖြစ် အရွယ်ရောက်ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါက ကလေး သရုပ်ဆောင်လေး အဖြစ်နာမည်ကြီးခဲ့တဲ့ ကလေးလေး အဖြစ်ကနေ အရွယ်ရောက်လာခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် Wang Seok Hyeon အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=689,q=100/b2/b2636c3bb6ab9fb4d04f421a8b734759d6371493.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T