လတ်တလောမှာ ကျင်းပ ပြုလုပ်နေတဲ့ Master Chef All Star ပြိုင်ပွဲကြီးကို ပရိသတ်တော်တော်များများ က အားပေးလျက်ရှိပါတယ်။ အဆိုပါပွဲဟာ ယခင် Master Chef Season တိုင်းရဲ့ ပြိုင်ပွဲဝင်တွေ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ပွဲကြီး ဖြစ်ပြီး အတော်တကာ့အတော်ဆုံးတွေစုထားတာကြောင့် ယှဉ်ပြိုင်မှု အတော်ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲကြီးမှာဆိုရင် ပြိုင်ပွဲဝင် ကိုကောင်းကင်ထက် ဟာ သူ့ရဲ့ ခံစားချက်တွေကို အမြဲ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောလေ့ရှိတာကြောင့် ပရိသတ်တွေအကြားအမြဲနာမည်ကျော်ကြားလူသိများနေသူတစ်ဦးဖြစ်ပါတယ်။ ကိုကောင်းကင်ထက် ဟာ ယခင်တစ်ပတ်ကပဲ Master Chef All Star မှာ ပြုတ်သွားခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေအကြားအတော်ပွဲဆူခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ အခုလို နှုတ်ထွက်ခဲ့ရတာကြောင့်လည်း ကိုကောင်းကင်ထက် ဟာဝမ်းနည်းမှုတွေရှိခဲ့ပြီး အခုလိုဖြစ်ပေါ်လာရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့လည်း ကိုကောင်းကင်ထက် က သူ့ရဲ့ ခံစားချက်တွေကို MyanmarloadTV သို့အခုလိုပဲ ပြောပြလာခဲ့ပါတယ်။





