ချစ်သူအသစ်ရနေပြီဆိုပြီး သတင်းတွေထပ်ထွက်နေတဲ့ ထိုင်းမင်းသမီး Prang

//s9.kh1.co/3d/3d915f1ddc62ef0dfae7d88c583a238e5414cab2.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကောင်မလေးက ၁၀ နှစ်လောက်တွဲခဲ့တဲ့ချစ်သူနဲ့ ပြတ်ပြီးနောက်ပိုင်း အိမ်ထောင်ရှိတဲ့ အမျိုးသားနဲ့ ဖောက်ပြန်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး

အဆိုတော် Twopee နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာတော့ ထိုင်းမင်းသမီး Prang က အချစ်ရေးနဲ့ ပတ်သက်ရင်ဘာမှ တရားဝင်ထုတ်မပြောသေးတာကြောင့် သူမကို Single လို့ပဲ သတ်မှတ်ထားကြပါတယ်.. သူမရဲ့ Fan တွေနဲ့ ပရိသတ်တွေကလည်း မင်းသားတွေနဲ့ ဝိုင်းသဘောတူပြီး Ship ပေးနေကြပါတယ်…

https://s9.kh1.co/__image/w=650,h=813,q=100/65/658d91bfdaa6a9aa79880ba2a8a0c17c3bd96d63.jpg
https://s9.kh1.co/__image/w=650,h=813,q=100/61/61da7a164b1be0bb6749cf232d333b97170c7bfd.jpg

မကြာသေးမီကလည်း မင်းသား Punjun နဲ့ တွဲနေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေလိုမျိုး အကောင်းဆုံး အစ်ကိုနဲ့ ညီမလို ခင်ရတဲ့ဆက်ဆံရေးမျိုးဆိုတာကို ပြောပြခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=813,q=100/b3/b379be57bd78bf12c80f61dd934d524ed24a7cd1.jpg
https://s9.kh1.co/__image/w=650,h=813,q=100/e8/e80b3eab36c3adda825c95bcfb3f22b3b2229a9b.jpg

လက်တလောမှာလဲ Prang က ကောင်လေးတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ ပုံတွေထွက်လာခဲ့ပါတယ်.. ကောင်လေးက ရိုက်ကူးရေးထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး Prang ကို ပန်းစည်းလေး လာပေးခဲ့တာဖြစ်ပါတယ်.. သူတို့နှစ်ယောက်ရဲ့ ပုံတွေကိုမြင်ရတဲ့အခါမှာလည်း နှစ်ယောက်လုံးက လိုက်ဖက်နေတယ်ဆိုပြီး ဝိုင်းသဘောတူနေကြပါတယ်..

https://s9.kh1.co/__image/w=650,h=797,q=100/14/1496139d2700085e259edfcb5801aae764c54415.jpg

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T