နောက်ဆုံးအချိန်မရောက်ခင်တစ်ရက်မှာ သီချင်းတွေ သီဆိုခဲ့တဲ့ ဦးသီဟတင်စိုးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/91/9102c36658bd137f3e0e0d0cd6ddfd5f3de60349.jpg
အနုပညာရှင်များ

 ၂၂-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

နှမြောစရာကြီးနော် ..

ရုပ်ရှင်သရုပ်ဆောင် ၊ ထပ်ဆင့်အကယ်ဒမီဆုရှင်ကြီး ဦးသီဟတင်စိုးဟာဆိုရင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားချိန်မှာ ဦးသီဟတင်စိုးရဲ့အသက်က ၅၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။  ဦးသီဟတင်စိုးက နေအိမ်မှာ နှလုံးရောဂါ ဖောက်ခဲ့တာဖြစ်ပြီး စံပြဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းမှာ ကွယ်လွန် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

Google
Google

ဦးသီဟတင်စိုးက မကွယ်လွန်ခင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြန်မာ့မာတိကာ Coffee Garden မှာ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဦးသီဟတင်စိုးတစ်ယောက် မကွယ်လွန်ခင်မှာ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်း ဗီဒီယိုလေးကို အောက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။

Youtube
Google
Google

ပရိသတ်တွေကတော့ ဦးသီဟတင်စိုးရဲ့ ကွယ်လွန်ဆုံးပါးသွားမှုကို များစွာ နှမြောတဿ ဖြစ်နေပြီး အနုပညာရှင်ကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အပေါ် ကြေကွဲ ဝမ်းနည်းနေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T