တစ်ခေတ်တစ်ခါက မြန်မာဇာတ်ကားကောင်းတွေတိုင်းမှာ အမြဲလိုလိုပါဝင်ခဲ့ပြီး တည်တည်ကြည်ကြည်နဲ့ သရုပ်ဆောင်အရာမှာ ကောင်းမွန်တာကြောင့် နာမည်ကျော်ကြား လူသိများပြီး ပရိသတ်တွေတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ အားလုံးက ချစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ဟာ ယမန်နေ့ ဖေဖော်ဝါရီ (၂၁)ရက်နေ့ က နှလုံးရောဂါဖြင့် ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်တိမ်းပါးသွားခဲ့တယ် လို့ သိရပါတယ်။

အဲ့သလို ကွယ်လွန်ဆုံးပါးသွားမှုအပေါ် ကိုသီဟတင်စိုး ရဲ့ ကျန်ရစ်သူမိသားစု နဲ့အတူ တစ်နိုင်ငံလုံး က ပရိသတ်တွေကလည်း အတော်လေးဝမ်းနည်းပူဆွေးခဲ့ကြကာ နှမြောတသဖြစ်ခဲ့ရပါတယ်။ ကိုသီဟတင်စိုး ဟာ ကွယ်လွန်ချိန်မှာ အသက်(၅၅)နှစ်သာ ရှိသေးပြီး ရုတ်တရက်ဆိုသလို ကွယ်လွန်သွားတာကြောင့် ပရိသတ်တွေရဲ့ နှမြောတသဖြစ်နေမှု ဟာ အတိုင်းမသိဖြစ်နေခဲ့ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို ကိုသီဟတင်စိုးကွယ်လွန်မှု နဲ့ ပတ်သက်လို့ ကိုသီဟတင်စိုး ရဲ့ ညီမဖြစ်သူ မခင်စံပယ်ဦးက သူမ အသုံးပြုနေတဲ့ Facebook စာမျက်နှာမှာ သူမရဲ့ ခံစားချက်ကို “ ကိုညာ ဆုံးတာ၄လမပြည့်သေးဘူးကိုကြီးရေ
အကိုတွေထဲမှာသဘောအကောင်းဆုံး...မဇင်မာမဆုံးခင်ကသမီးကိုကလေးတွေကိုအပ်သွားတယ်၊အမေ့ကိုလည်းသမီးကနေတဆင့်တောင်းပန်ကန်တော့သွားတယ်၊အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့၊သမီးလေးစပယ်ဖူးငုံဦးကိုမဇင်မာမရှိတော့ကတည်းကသမီးတို့အိမ်မှာပဲနေနေတာအခုတော့သူ့သမီးလေးကိုစိတ်ချထားသွားခဲ့ပြီ၊ကလေး၂ယောက်ကိုသမီးတို့အတတ်နိုင်ဆုံးစောင်ရှောက်ပါ့မယ်ကိုကြီးရေ၊အေးချမ်းတဲ့ဘုံဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်” လို့ ကြေကွဲဝမ်းနည်းဖွယ် ရေးသားဖော်ပြခဲ့ပါတယ်။






