တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် နာမည်ကြီးပြီး အောင်မြင်နေတဲ့ သူဖြစ်တဲ့အလျောက် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ပိုင်ဆိုင်ထားတဲ့သူလည်း ဖြစ်ပါတယ်။ ဆောင်းဟေကိုမှာ ပရိသတ်တွေ မသိကြသေးတဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲကမှာ လူတွေ လုံးဝ မသိသေးတဲ့ အချက် ၄ ချက်ကို ဖော်ပြပေးသွားပါမယ်နော်။

1. ဆောင်းဟေကိုကို ၁၉၈၁ ခုနှစ် မှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် သူမရဲ့မိဘတွေကတော့ မွေးနေ့ သက္ကရာဇ်ကို ၁၉၈၂ ခုနှစ် မှာ မွေးခဲ့တဲ့သူအဖြစ် စာရင်း သွင်းခဲ့ပါတယ်။

2. ဆောင်းဟေကိုက မွေးမွေးချင်းတုန်းက နာမကျန်းဖြစ်ပြီး မွေးဖွားခဲ့တာဖြစ်လို့ သူမရဲ့ မိဘတွေနဲ့ ဆရာဝန်တွေက အသက်ဆက်မရှင်နိုင်တော့ဘူးလို့သတ်မှတ်ခဲ့ပြီး လက်လျော့ခဲ့ကြဖူးပါတယ်။

3. ဆောင်းဟေကိုရဲ့ မိဘတွေက ဆောင်းဟေကို ငယ်ငယ်လေးကတည်းက ကွာရှင်းခဲ့တာဖြစ်လို့ ဆောင်းဟေကိုက သူမရဲ့ အချိန် အများစုကို မိခင်ကြီးနဲ့သာ ဖြတ်သန်း နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

4. ဆောင်းဟေကိုက အသက်ငယ်ငယ်လေးကတည်းက မင်းသမီး တစ်ယောက်ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူမက အသက် ၁၄ နှစ်အရွယ်မှာလည်း ကျောင်းဝတ်စုံရောင်းဝယ်ရေး ကုမ္ပဏီရဲ့ မော်ဒယ်တစ်ယောက် ဖြစ်ခဲ့ဖူးပါသေးတယ်။ ပရိသတ်တွေ မသိကြသေးတဲ့ ထိပ်တန်းမင်းသမီး ဆောင်းဟေကိုရဲ့ လူတွေ မသိသေးတဲ့ အချက်တွေကို ဆောင်းဟေကိုရဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။





