မိခင်တစ်ယောက်အနေနဲ့ ပထမဆုံးမွေးနေ့ကို မိသားစုနဲ့အတူကျင်းပခဲ့တဲ့ Park Shin Hye

//s9.kh1.co/a1/a1b386c75df97a216f184438854008c2cf2b2b56.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

Park Shin Hye ဟာ မိခင်အဖြစ် ပထမဆုံးမွေးနေ့ကို မိသားစုနဲ့အတူ.....

တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသမီး Park Shin Hye ဟာ ယနေ့မှာတော့ အသက် (၃၃) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။အခုမွေးနေ့ဟာ သူမရဲ့ ပထမဆုံး မိခင်တစ်ယောက်အနေနဲ့ ကျင်းပတဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=799,q=100/cf/cf3870a4aedc67bf6bb7a1efb37ef5c2ccf918ba.jpg

Park Shin Hye ဟာ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ မိတ်ဆွေတွေဆီက မွေးနေ့ဆုတောင်းတွေနဲ့ လက်ဆောင်တွေကိုရရှိခဲ့ပါတယ်။ သူမဟာ လက်ဆောင်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=794,q=100/cc/cc95a5f38ac19021ab9199d8ff9fc4f5ffad2ee4.jpg

ထပ်မံပြီး မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေကိုလည်း `` မွေးနေ့ဆုတောင်းပေးတဲ့ သူတွေကိုကျေးဇူးတင်ပါတယ်။ ကျွန်မကို အခုလိုချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ် '' ဆိုပြီး ကျေးဇူးတင်စကားနဲ့ အတူ မွေးနေ့ကိတ်နဲ့တကွ သူမရဲ့ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/5a/5a89dc1b5d2ea7739d23e1f8a267f3802e2c87e0.webp

Park Shin Hye ဟာ မင်းသား Choi Tae Joon နဲ့ လက်ထပ်ခဲ့ပြီး သားဦးလေးဖွားမြင်ထားတာကြောင့် မိသားစုနဲ့ ပထမဆုံးကျင်းပခွင့်ရတဲ့ မွေးနေ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=805,q=100/5a/5ad8bc1e2b23245849f92a5dba73f5f916b923e4.jpg
https://s9.kh1.co/__image/w=650,h=805,q=100/6f/6fcac8a12c65c5afcfc72a8f91852f317f995f2f.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T