တောင်ကိုရီးယားမင်းသား Kim Ki Bum ဟာဆိုရင် ချောမောလွန်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပေမယ့် တရုတ် ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးနောက်မှာ နောင်တရစရာဖြစ်လောက်အောင် ရုပ်ရည်ပိုင်း အရမ်း ဆိုးရွားသွားခဲ့ပါတယ်။ ဒါကြောင့် Netizen တွေက ကေ-ဒရမ်မာ စတားတစ်ယောက်ကို အခုလိုမျိုး ရုပ်ရည်ပိုင်း ဖျက်ဆီးလိုက်တဲ့အပေါ် များစွာ ဒေါသထွက်နေကြပါတယ်။
Kim Ki Bum က တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ The Demi-Gods and Semi-Devils မှာ ပါဝင်ခဲ့ပြီးနောက်မှာ ဆိုးရွားလွန်းတဲ့ ဖက်ရှင်စတိုင်ကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ Kim Ki Bum ရဲ့ ဖက်ရှင်တွေကို ဟောင်ကောင်ဒီဇိုင်နာ ဖန်တီးထားတာဖြစ်တယ်လို့ သိရပြီး လူတော်တော်များများရဲ့ အမြင်မှာ ဆိုးဆိုးရွားရွားဖြစ်လို့နေပါတယ်။
တချို့ ပရိသတ်တွေကလည်း Kim Ki Bum ရဲ့ ဖက်ရှင်က ရှေးခေတ်ပုံစံ ဖြစ်နေလို့ ဆိုးရွားနေတာဖြစ်တယ်လို့ဆိုကြပြီး မော်ဒယ်ခေတ်ဖက်ရှင်နဲ့ဆို ပိုပြီး ကောင်းလာနိုင်တယ်လို့ ထောက်ပြထားပါတယ်။
တောင်ကိုရီးယားပရိသတ်တွေကတော့ Kim Ki Bum အနေနဲ့ တရုတ်ပြည်ဇာတ်လမ်းတွဲတွေမှာ ပါဝင်တာထက်တောင်ကိုရီးယားဇာတ်လမ်းတွေထဲမှာ ပါဝင်တာက ပိုပြီး နည်းလမ်းကျတယ်လို့ ဆိုကြပါတယ်။
ချောမောလှပတဲ့ရုပ်လေးကနေ တရုတ်ဇာတ်လမ်းတွဲမှာ ပါဝင်ရင်း ဆိုးဆိုးရွားရွား ရုပ်ဖျက်ခံလိုက်ရလို့ အသနားခံနေရတဲ့ တောင်ကိုရီးယားမင်းသား Kim Ki Bum အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။