Blackpink ပရိသတ်တွေဟာ အခုချိန်မှာ စိတ်ပျက်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။အကြောင်းကတော့ Blackpink ဖျော်ဖြေပွဲလက်မှတ်ကိစ္စကြောင့်ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဒေါသထွက်ခဲ့ကြပါတယ်။

Blackpink ဟာ လွန်ခဲ့တဲ့နှစ်က ဥရောပဖျော်ဖြေပွဲအစီအစဥ်တွေ ပြီးဆုံးခဲ့ပြီးနောက် အခုအချိန်မှာ အာရှဘက်မှာဖျော်ဖြေပွဲတွေကျင်းပနေတာ ဖြစ်ပါတယ်။တစ်ကမ္ဘာလုံးက Blackpink ပရိသတ်တွေကြောင့် လက်မှတ် ၅သောင်းကျော်ဟာ တစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တစ်ချို့ရဲ့အဆိုအရ လက်မှတ်များစွာကို ဝယ်ယူပြီး စျေးတင်ရောင်းတဲ့ Scalpers ဟာ လက်မှတ်တွေကိုဝယ်ယူခဲ့တာကြောင့် Blackpink ကို အပြင်မှာတွေ့ချင်နေတဲ့ အမာခံပရိသတ်တွေဟာ ပိုက်ဆံအမြောက်အမြားအကုန်ကျခံရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေဟာ သူတို့ချစ်တဲ့ Blackpink အတွက် ဖျော်ဖြေရေးနေရာကို ငွေဘယ်လောက်ကုန်ကုန် သွားဖို့မတွန့်ဆုတ်ကြတာ ဖြစ်ပါတယ်။ပရိသတ်တွေဟာ Scalpers တွေကို ထိန်းချုပ်ပေးဖို့လည်း YG ကို တောင်းဆိုနေကြပါတယ်။


Photos:Credit





