တောင်ကိုရီးယားမင်းသား Park Seo Joon ဟောလိဝုဒ် ပွဲဦးထွက်အနေနဲ့ ပါဝင် ရိုက်ကူး သရုပ်ဆောင်ထားတဲ့ The Marvels ဇာတ်လမ်းတွဲဟာဆိုရင် ထွက်ရှိမယ့်ရက်ထက် ပိုနောက်ကျနိုင်ချေရှိတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Park Seo Joon ရဲ့ The Marvels ဇာတ်လမ်းတွဲကို ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်လွှင့်သွားဖို့ရှိတယ်လို့ ကြေညာထားပေမယ့် ထွက်ရှိမယ့်အချိန်ထက် နောက်ကျပြီး နိုဝင်ဘာ ၁၀ ရက်နေ့ပြောင်းလဲဖြစ်သွားတယ်လို့ သိရပါတယ်။အဆိုပါအကြောင်းအရာကို Marvel Studios ရဲ့ စီအီးအိုဖြစ်တဲ့ Kevin Feige က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တုန်းကအင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Park Seo Joon ရဲ့ ပထမဦးဆုံး ဟောလိဝုဒ်ပွဲဉီးထွက် ဇာတ်ကားဖြစ်တဲ့ “The Marvels” (Captain Marvel 2) ထွက်ရှိမယ့်ရက်ကို ဇူလိုင်လမှာ ထုတ်လွှင့်သွားမယ်လို့ ကြေညာခဲ့ပေမယ့် အကြောင်းကြောင်းတွေကြောင့် ၄ လကြာ နောက်ဆုတ်ခဲ့ရပြီး နိုဝင်ဘာလကို ရွှေ့ဆိုင်း ခံလိုက်ရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ Park Seo Joon က Carol Danvers (Brie Larson) ရဲ့ ခင်ပွန်းဖြစ်သူဖြစ်တဲ့ မင်းသားYan နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။


The Marvels ကိုလည်း Captain Marvel ဇာတ်လမ်းလိုမျိုး အောင်မြင်မှုတွေ သိမ်းကြုံးရရှိဖို့ မျှော်လင့်ထားပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် ပရိသတ်တွေက ကြေကွဲနေကြရပါတယ်။





