မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်၊အဆိုတော်နဲ့ သရုပ်ဆောင်ဟိန်းမင်းသူဟာ သူ့ပရိသတ်တွေအတွက် သတင်းကောင်းလေးကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါကတော့ ဟိန်းမင်းသူဟာ ကမ္ဘာ့အချောမောဆုံးအမျိုးသား အယောက်တစ်ရာ ပဏာမစာရင်းမှာ ပါဝင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

TC Candler ဟာ ၁၉၉၀ ခုနှစ်ကစပြီး ကမ္ဘာ့အချောဆုံးအမျိုးသားနဲ့ အမျိုးသမီးများစာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဟိန်းမင်းသူဟာ ကမ္ဘာကျော်တွေနဲ့အတူ ဂုဏ်ယူစွာပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

TC Candler ဟာ ရုပ်ရည်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်တာမဟုတ်ပဲ တစ်နှစ်အတွင်း Social media ပေါ်ကနေ ပြည်သူလူထုအပေါ်အကျိုးပြုတဲ့လုပ်ရပ်တွေနဲ့ Profile ကို သေချာလေ့လာကြည့်ပြီးမှ ရွေးချယ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဟာTC Candler ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသား နံပါတ် (၁) နေရာကို ရရှိခဲ့တာကြောင့် ဟိန်းမင်းသူနဲ့ပက်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

Photos: Credit





