မြန်မာနိုင်ငံနဲ့အနီးဆုံးနိုင်ငံကို ရောက်ရှိလာတော့မယ့် BTS အဖွဲ့ဝင် Suga

//s9.kh1.co/a2/a2b40758a9b1215fd14e96365d5ab43fdcc04b00.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အာမီလေးတွေအတွက်တော့ တကယ့်ကို ထူးထူးခြားခြား သတင်းကောင်းကြီးပါပဲနော် ..

တောင်ကိုရီးယားယောကျာ်းလေးများ အဆိုတော် အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Suga ရဲ့ ပထမဦးဆုံး solo world tour အချိန်စာရင်း ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၊ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ Suga ရဲ့ ပထမဦးဆုံး solo world tour အချိန်စာရင်းထဲမှာ ထူးထူးခြားခြားဆိုသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေပါ ပါဝင်လာတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု များစွာ မြင့်တက်နေခဲ့ပါတယ်။

Google
Google
Google
Google

BTS အဖွဲ့ဝင် Suga ရဲ့ stage name က Agust D ဖြစ်တာကြောင့် Suga က World tour ပွဲတွေကို Agust D နာမည်နဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Suga ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ New York မြို့(ဧပြီ ၂၉ )  ၊ Rosemont (မေလ ၃,၅,၆) ၊ Los Angeles (မေလ ၁၀ ,  ၁၁ , ၁၄ ) ၊ Oakland (မေလ ၁၆ , ၁၇ ) တို့မှာ အသီးသီး ကျင်းပ သွားမှာဖြစ်တယ်လို့ သိရပြီး အာရှနိုင်ငံတွေဖြစ်တဲ့ Indonesia ၊ Bangkok နဲ့ Singapore နိုင်ငံတွေမှာလည်း ဆက်လက် ဖျော်ဖြေသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ အပြင် သူ့ရဲ့ နိုင်ငံရင်းဖြစ်တဲ့ တောင်ကိုရီးယားမှာလည်း ဇွန်လ ၂၄ ရက်နေ့နဲ့ ၂၅ ရက်တွေမှာ ရှိနေမယ်လို့ သိရပါတယ်။ အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲက Suga အနေနဲ့ အသက် ၃၀ နှစ်အရွယ်မှာ ပထမဦးဆုံး ပြုလုပ်မယ့် solo world tour ကြီး ဖြစ်ပါတယ်။

Google
Google
Google
Google

BTS အဖွဲ့ဝင် Suga ရဲ့ ၂၀၂၃ ခုနှစ်အတွက် tour poster ကို အောက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

April 26 — Belmont Park, NY @ UBS Arena

April 27 — Belmont Park, NY @ UBS Arena

April 29 — Newark, N.J. @ Prudential Center

May 3 — Rosemont, IL @ Allstate Arena

May 5 — Rosemont, IL @ Allstate Arena

May 6 — Rosemont, IL @ Allstate Arena

May 10 — Los Angeles, CA @ Kia Forum

May 11 — Los Angeles, CA @ Kia Forum

May 14 — Los Angeles, CA @ Kia Forum

May 16 — Oakland, CA @ Oakland Arena

May 17 — Oakland, CA @ Oakland Arena

May 26 — Jakarta, ID @ Indonesia Convention Exhibition Hall 5-6

May 27 — Jakarta, Indonesia @ Indonesia Convention Exhibition Hall 5-6

May 28 — Jakarta, Indonesia @ Indonesia Convention Exhibition Hall 5-6

June 10 — Bangkok, Thailand @ Impact Arena

June 11 — Bangkok, Thailand @ Impact Arena

June 17 — Singapore, SG @ Singapore Indoor Stadium

June 18 — Singapore, SG @ Singapore Indoor Stadium

June 24– Seoul, KR @ Jamsil Indoor Stadium

June 25 — Seoul, KR @ Jamsil Indoor Stadium

Google
Google
Google
Google

အခုနှစ်မှာတော့ တကယ့်ကို ရှားရှားပါးပါးဆိုသလို BTS အဖွဲ့ဝင် Suga က မြန်မာနိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်းအာရှနိုင်ငံကြီးတွေဖြစ်တဲ့ ထိုင်း ၊  အင်ဒိုနီးရှား ၊ စင်ကာပူ နိုင်ငံကြီးတွေကို Suga လေး ရောက်လာတော့မှာဆိုတော့ အာမီလေးတွေ သွားရောက် အားပေးလို့ ရပါပြီနော်။ ကဲ .. အာမီလေးတို့ရေ အားပေးကြဖို့ ရယ်ဒီပဲလား ..

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T