BTS အဖွဲ့ခေါင်းဆောင် RM ဟာ မကြာသေးခင်က ကိစ္စတစ်ခုကြောင့် ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရပါတယ်။သူဟာ Live လွှင့်နေတုန်း လည်ပင်းမှာ မာကင်ရာနဲ့တူတဲ့ အမှတ်အသားတစ်ခုကို ပရိသတ်တွေက သတိထားမိခဲ့တာ ဖြစ်ပါတယ်။

RM ကလည်း ပရိသတ်တွေ တွေ့သွားတာကို သတိပြုမိပြီး သူ့ရဲ့ CrossFit လေ့ကျင့်ခန်းကြောင့် အခုလိုအဖုအပိန့်ထွက်တာ ဖြစ်တယ်လို့ ပရိသတ်တွေကို ရှင်းပြခဲ့ပေမယ့် ပရိသတ်တွေကတော့ သံသယများစွာ ရှိခဲ့တာဖြစ်ပါတယ်။

RM ရဲ့ လည်ပင်းက အမှတ်အသားကို ပေါ်လွင်စေတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့လျှက်ရှိပြီး 'Hickey' ဆိုတဲ့ အသုံးအနှုန်းဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ခေတ်စားလာခဲ့ပါတယ်။ထိုပုံတွေအောက်မှာ ပရိသတ်တွေကလည်း မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။

ပရိသတ်တစ်ချို့ဟာ အနာဖြစ်မှာစိုးတဲ့အတွက် စိတ်ပူနေကြသလို တစ်ချို့ကလည်း သူတို့ချစ်တဲ့ အနုပညာရှင်လေးစွံသွားမှာကို စိုးရိမ်နေခဲ့ကြပါတယ်။

Photos: Credit