တောင်ကိုးရီးယားနိုင်ငံ ရဲ့ အောင်မြင်တဲ့ မိန်းကလေးအဆိုရှင်အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Blackpink အဖွဲ့ထဲမှာ အဓိက Rap စာသားသီဆိုတဲ့ ကောင်မလေးဆိုရင်တော့ အားလုံးက ကလေးလေးလို သဘောထား အားပေးချစ်ခင်ကြရတဲ့ Jennie Kim ကိုပဲ ပြေးမြင်ကြမှာ အသေအချာပါပဲ။

သူမဟာ Blackpink အဖွဲ့နဲ့အတူ တေးသီချင်းများစွာထုတ်လုပ်ခဲ့တဲ့အပြင် သူမတစ်ကိုယ်တော် တေးသီချင်းအချို့ကိုထုတ်လုပ်ခဲ့ရာ သူမဖန်တီးခဲ့တဲ့ အနုပညာမှန်သမျှဟာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝဆိုတာထက် ပိုပြီးရရှိခဲ့သူလေးဖြစ်ပါတယ်။ဒါ့အပြင် သူမဟာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်မှုကြောင့် ပရိတ်သတ်တွေက ပိုမိုလေးစားအားကျရသူတစ်ဦးဖြစ်ပါတယ်။ဒါတင်သာမက နာမည်ကျော် Calvin Klein ကပေးအပ်တဲ့ Brand Ambassador ရာထူးကိုရရှိထားသူလေးလည်းဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း Calvin Klein နဲ့ Collaboration လုပ်ထားတဲ့ ပုံအမိုက်စားတွေဟာထွက်ပေါ်လာခဲ့ပြီး အဆိုပါ ပုံတွေဟာ အရမ်းကို မိမိုက်လွန်းနေတာကြောင့် ပရိတ်သတ်အများစုက အရမ်းကို သဘောကျနှစ်သက်ခဲ့ကြသလို လိုတာထက်ပိုမိုက်နေတာကြောင့် တချို့ပရိတ်သတ်တွေဆို လှလွန်းတဲ့အတွက် စိတ်တောင်ဆိုးရတယ်လို့ ဟာသအနေနဲ့ တင်ထားကြပါတယ်။ ပရိတ်သတ်စိတ်ဆိုးခံရလောက်တဲ့အထိ Jennie ရဲ့ ပုံတွေဟာ ဘယ်လောက်ထိ အထာကျလှပနေလဲဆိုတာ ဆက်လက်ကြည့်ရှုစားကြည့်လိုက်ပါဦး။




