ကားဝပ်ရှော့ဆရာကြီး ဖြစ်နေတဲ့ အောင်ထွန်းလေး

//s9.kh1.co/a2/a205b0fe2a385bb9112a9ed6cdd43752ba69ee6e.jpeg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကားဝပ်ရှော့ဆရာကြီး ဖြစ်နေတဲ့တစ်ချိန်က ကလေးသရုပ်ဆောင်အောင်ထွန်းလေး

တစ်ခေတ်တစ်ခါက ကလေးသရုပ်ဆောင် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အောင်ထွန်းလေးဟာဆိုရင် လက်ရှိမှာ အသက် ၅၀ ကျော်အရွယ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=420,q=100/67/67bf559cf4a58c9721aa57dc321d879d241107c9.png

အောင်ထွန်းလေးဟာ ၁၉၇၇ ခုနှစ်တုန်းက “အဖေတစ်ခုသားတစ်ခု” မြန်မာ ဇာတ်လမ်းတွဲနဲ့ ကလေးသရုပ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ခေတ် သူ့အခါက အရမ်းကို အောင်မြင်မှုရရှိခဲ့တဲ့ အောင်ထွန်းလေးကို နောက်ပိုင်းဇာတ်လမ်းတွဲတွေမှာတော့ သိပ်ပြီး မတွေ့ခဲ့ရတော့ပါဘူး။

https://s9.kh1.co/__image/w=500,h=355,q=100/a3/a3742baf3094b5af8e212e8cddbbd7a791df6de8.png

ကလေးသရုပ်ဆောင်အဖြစ် လူကြိုက်များ အောင်မြင်ခဲ့တဲ့ အောင်ထွန်းလေးဟာ တစ်ကားဆိုတစ်ကား အောင်မြင်ခဲ့ပေမယ့် လူကြီးသရုပ်ဆောင်အဖြစ် ဆက်လက် မရပ်တည်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို သင်ယူရင်းနဲ့ လက်ရှိမှာတော့ ကားဝပ်ရှော့ ဆရာကြီးတစ်ယောက်တောင် ဖြစ်လို့နေပါပြီ။

https://s9.kh1.co/__image/w=650,h=325,q=100/1d/1d945654bc9516b0786687b96ce7f3a6db4b4bd9.png

တစ်ချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီး ကလေးသရုပ်ဆောင် အောင်ထွန်းလေးနဲ့ လက်ရှိ အသက်၅၀ကျော်အရွယ် ကားဝပ်ရှော့ဆရာကြီး ဦးလေး အောင်ထွန်းလေးတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=275,h=493,q=100/05/050d05a427ea1ff5004212f099d3e2cd9ce9db21.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T