တောင်ကိုရီးယားကလေးသရုပ်ဆောင်လေး Kim Hye Seong ဟာဆိုရင် တစ်ချိန်တစ်ခါက ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

Kim Hye Seong က ကလေးသရုပ်ဆောင် အဖြစ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး နုပျို ချောမောလွန်းတဲ့ မျက်နှာလေးကြောင့် လူကြိုက်များခဲ့တဲ့သူလေး ဖြစ်ပါတယ်။

Kim Hye Seong က ရယ်လိုက်ရင် ချိုမြိန်လွန်းလို့ ရွှေရင်အေးလေးလို့တောင် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

Kim Hye Seong က ၂၀၀၅ ခုနှစ်ကတည်းက အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အနုပညာ လှုပ်ရှားမှုတွေထဲမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။

Kim Hye Seong က လက်ရှိမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်ဖို့ကို ယုံကြည်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။

Kim Hye Seong ရဲ့ လက်ရှိပုံစံက ဆံပင် အရှည်လေးနဲ့ ဖြစ်ပေမယ့် ချောမောခန့်ညားမှုတွေကတော့ ပျောက်ကွယ်မသွားသေးပါဘူး။ Kim Hye Seong က လက်ရှိမှာ အသက် ၃၄ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။

တစ်ခတ်တစ်ခါကကလေး သရုပ်ဆောင်အဖြစ် လျှမ်းလျှမ်းတောက်အောင်မြင် ခဲ့တဲ့ ကလေးသရုပ်ဆောင်လေး Kim Hye Seong ရဲ့လက်ရှိအခြေနေလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။