HYBE Labels ရဲ့နောက်ကွယ်က အဓိကရှယ်ယာရှင်ကြီးတွေဖြစ်နေကြတဲ့ BTS အဖွဲ့ဝင်များ

//s9.kh1.co/e2/e210a560a61e6462f42a14ae5663bc72235e10e3.jpg
အနုပညာရှင်များ

 ၁၆-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

လုံးဝ မထင်ထားမိဘူး .. အရမ်း အံ့ဩဖို့ကောင်းတာပဲနော် ..

BTS အဖွဲ့ဝင်တွေဟာဆိုရင် HYBE Labels ရဲ့ အဓိက အကြီးဆုံး ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ HYBE Labels အင်တာတိန်းမန့် ကုမ္ပဏီဟာဆိုရင် ဘီလီယံနဲ့ချီတဲ့ အကြွေးတွေ တင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ဖူးပြီး BTS အဖွဲ့ဝင်တွေကြောင့်သာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Google
Google

Korea CXO Research Institute ရဲ့ အဆိုအရ BTS အဖွဲ့ဝင်တွေက HYBE ရဲ့ အကြီးမားဆုံး အဓိကရှယ်ယာရှင်ကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ BTS အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီက ၁၀ ဘီလီယံဝမ် တန်ကြေးရှိတဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားကြပါတယ်။ Suga ၊ Jimin ၊ V နဲ့ Jungkook တို့က ၆၈၃၈၅ ရှယ်ယာတိတိ ပိုင်ဆိုင်ထားပြီး ရှယ်ယာတန်ကြေး ခန့်မှန်းချေ ၁၃.၃ ဘီလီယံ အထိ အသီးသီး ပိုင်ဆိုင်ထားပါတယ်။ j-hope က ရှယ်ယာပေါင်း ၆၂၇၈၄ ခုကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရှယ်ယာတန်ကြေး ၁၂.၂ ဘီလီယံ အထိ ရှယ်ယာတန်ကြေး ပိုင်ဆိုင်ထားပါတယ်။  RM နဲ့ Jin ဟာဆိုရင်လည်း ၁၁.၃ ဘီလီယံနဲ့ ၁၀.၂ ဘီလီယံ ဝမ် တန်ကြေးထိ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး အဓိက ရှယ်ယာရှင်တွေ အဖြစ် ရပ်တည်နေပါတယ်။ ဒါ ကြောင့် BTS အဖွဲ့ဝင်တွေထဲမှာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင်တွေက  Suga ၊ Jimin ၊ V နဲ့ Jungkook တို့ပဲဖြစ်ပါတယ်။

Google
Google
Google
Google

BTS အဖွဲ့ဝင် ၇ ယောက်က HYBE Labels ရဲ့ အကြီးဆုံး အဓိက ရှယ်ယာ ပိုင်ရှင်ကြီးတွေ ဖြစ်ကြပါတယ်။ တူညီတဲ့အချက်အလတ်တွေအရ HYBE အနေနဲ့ လက်ရှိမှာ ၁၀ ဘီလီယံကျော် တန်ကြေးရှိတဲ့ ရှယ်ယာရှင် ၁၁ ယောက်ရှိနေပြီး အဆိုပါ ၁၁ ယောက်ထဲမှာ BTS အဖွဲ့ဝင် ၇ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Google
Google

နောက်တစ်ဖက်အနေနဲ့ ပြောရရင်လည်း BTS အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတိုင်းက HYBE Labels ရဲ့ စတော့ရှယ်ယာတွေ အပေါ်မှာ မူတည်လို့ နေပါတယ်။ BTS အဖွဲ့ဝင်တွေ အဖွဲ့လိုက် လှုပ်ရှားမှုတွေကနေ ခဏ ရပ်တော့မယ်လို့ ပြောတုန်းက BTS အဖွဲ့ရဲ့ စတော့ရှယ်ယာက ၂၈ ရာခိုင်နှုန်း အထိ ထိုးကျသွားပါတယ်။

Google
Google

၂၀၂၂ ခုနှစ် အောက်တိုဘာလ တုန်းကလည်း BTS ရဲ့ စစ်မှုထမ်းဆောင်တော့မယ်ဆိုတဲ့ သတင်းကြောင့် စတော့ရှယ်ယာ ၂.၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ဖူးပါတယ်။ BTS အဖွဲ့ဝင် Jin စစ်မှု ထမ်းဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့်လည်း ရှယ်ယာဈေးနှုန်းက ၆.၅၂ ရာခိုင်နှုန်းအထိ ပြန် တက်ခဲ့ဖူးပါတယ်။ BTS အဖွဲ့ဝင်တွေရဲ့ ပြောင်းလဲမှု ၊ လှုပ်ရှားမှုတွေနဲ့ ထပ်တူကျနေတဲ့ HYBE Labels ရဲ့ စတော့ ရှယ်ယာဈေးနှုန်းဟာဆိုရင် အရမ်းကို အံ့အားသင့်ဖို့ ကောင်းလွန်းလှပါတယ်နော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T