Valentine Day မှာ ချစ်သူလေး Ter ဆီကနေ အချစ်ခံနေရကြောင်း ပုံလေးတွေနဲ့ သက်သေပြခဲ့တဲ့ Davika

//s9.kh1.co/fe/feda4f3128280ed48359b89bfe452c8b7b684bec.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

နှင်းဆီးပန်းတွေကလဲ ဒါဝီလေးရဲ့ အရပ်တစ်ရပ်လောက်ရှိတယ်.. ကောင်မလေးက အချစ်ခံရသောလေးဖြစ်နေတာ ..

ထိုင်းမင်းသမီး Davika ကတော့ နာမည်ကြီး အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်သလို သူမကို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါထိုးဖောက်‌ အောင်မြင်နေသူလည်း ဖြစ်ပါတယ်။ သူမကိုတော့ မြန်မာပရိသတ်တွေက Pee Mak ဇာတ်ကားနဲ့ စတင်ရင်းနှီးခဲ့ကြတာပါ။

https://s9.kh1.co/__image/w=420,h=420,q=100/ff/ff63225cb2ca863f37122e30e7c044b02ff13d91.jpg
https://s9.kh1.co/__image/w=650,h=813,q=100/95/95c79ed19fca8414c8800b35462211a3651a50ff.jpg

သူမပါဝင်ထားတဲ့ ရုပ်ရှင်ကားတွေကလည်းအောင်မြင်နေသလို နာမည်ကြီး Brand တွေရဲ့ Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။ Product တွေရဲ့ ကြော်ငြာတွေတိုင်းမှာလည်း မျက်နှာဖုံးရှင်အဖြစ် ရပ်တည်နေသူပါ။ သူမကတော့ ထိုင်းမင်းသား Ter နဲ့ တရားဝင်တွဲနေကြတာ ချစ်သူသက်တမ်း (၅) နှစ်ကျော် ရှိပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=814,q=100/e0/e0ce574f80905c93b6242b225222ab5b7078d3cd.jpg
https://s9.kh1.co/__image/w=600,h=600,q=100/98/98399aa048bacf77ef414e1a96f9985b94e30009.jpg

နှစ်တွေကြာသွားလဲ ရိုးအီမသွားတဲ့ သူတို့အတွဲလေးက တစ်ယောက်ကိုတစ်ယောက် ချစ်သူများနေ့မှာလည်း Romantic ဆန်ဖို့မမေ့ကြပါဘူး။ မနေ့က Ter က Davika ရှိကို သူမအရပ်လောက်ရှိတဲ့ နှင်းဆီပန်းတွေကို ပေးခဲ့ပြီး သူမကို ချစ်ကြောင်းသက်သေတွေပြခဲ့ပါတယ်။ ကောင်မလေးက အရမ်းကို ကြည်နူးပြီး ပျော်ရွှင်နေကြောင်းကို သူမရဲ့ လူမှုကွန်ယက်ထက်မှာ ပုံလေးတွေ တင်ပြီးလဲ ကြွားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=816,q=100/00/009dae5aed1521b943e330745f3820a0859c3623.png
https://s9.kh1.co/__image/w=650,h=816,q=100/e4/e4414458f588056ce4404d127189ebb46dcdc781.png

သတင်း အရင်းအမြစ် Davika's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T