နာမည်ကြီး မင်းသမီးကြီးဖြစ်တဲ့ Kate Winslet ဟာ Titanic ရိုက်ကူးစဉ်က အခက်အခဲတစ်ခုကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ကမ္ဘာကျော် Titanic ဟာ သူမရဲ့ အအောင်မြင်ဆုံးဇာတ်ကားဖြစ်ပြီး တွဲဖက်သရုပ်ဆောင် Leonardo နဲ့ အတူအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ကာ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိခဲ့ပါတယ်။

Titanic ရဲ့ နာမည်ကြီးဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းမှာ မင်းသမီးကြီးအနေနဲ့ အခက်အခဲတွေ့ခဲ့တာ ဖြစ်ပါတယ်။သူမဟာ သူမရဲ့ ခင်ပွန်းဟောင်းရှေ့မှာ Leonardo နဲ့ လိင်ဆက်ဆံတဲ့ အခန်းရိုက်ခဲ့ရတာဖြစ်တာကြောင့် အခုလိုကိစ္စကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Kate Winslet ဟာ ထိုအချိန်က ခင်ပွန်းဖြစ်သူ Sam Mendes ရဲ့ ရှေ့မှာပဲ Leonardo နဲ့ လိင်ဆက်ဆံတဲ့အခန်းရိုက်ကူးခဲ့ပြီး ထိုအချိန်မှာသူမအနေနဲ့ စိုးရိမ်စိတ်ဖြစ်ခဲ့ရပေမယ့် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Leonardo ကြောင့် ဇာတ်ဝင်ခန်းကို အလျင်အမြန်ပြီးအောင်ရိုက်ကူးနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Kate Winslet ဟာ Leonardo ရဲ့ သရုပ်ဆောင်နိုင်မှုကိုလည်း အထူးချီးကျူးခဲ့ပြီး သူတို့နှစ်ဦးဟာ ထိုအချိန်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးကို အခုအချိန်အထိထိန်းထားနိုင်ခဲ့ပေမယ့် Sam Mendes နဲ့တော့ (၂၀၁၀) ခုနှစ်မှာ ကွာရှင်းခဲ့ပြတ်ဆဲခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ Kbizoom





