(၂၀၀၆) ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက် ဒရာမာဖြစ်ခဲ့တဲ့ ` Princess Hours ' ဟာ Version အသစ်ဟာ နောက်ဆုံးတော့ ရိုက်ကူးမယ့်အချိန် ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ဒီသတင်းဟာ အရင်ကတည်းက ကိုရီးယားဒရမ်မာ ကြိုက်တဲ့သူတွေအတွက် ဝမ်းသာစရာသတင်းဖြစ်ခဲ့ပါတယ်။

Princess Hours ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးဖြစ်ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထိုဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို အခုအချိန်အထိ အမှတ်ရနေသေးတဲ့အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲကို ပုံစံအသစ်နဲ့ ပြန်လည်ရိုက်ကူးဖို့ (၂၀၂၁) ခုနှစ်က လုပ်ခဲ့ပေမယ့် Covid 19 ကြောင့် လူရွေးပွဲရွှေ့ခဲ့ရသလို တခြားပြင်ဆင်မှုတွေကြောင့်လည်း အခုလိုအချိန်တွေကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် (၂၀၂၃) အတွင်းမှာရိုက်ဖို့ပြင်ထားတဲ့ ဇာတ်ကားတွေရှိနေတာကြောင့် (၂၀၂၄) အစောပိုင်းမှာ လူရွေးပြီးမှ ရိုက်ကူးမယ်လို့ သိရပါတယ်။ဒါကြောင့် ပရိသတ်တွေကြည့်ရမယ့်အချိန်ကတော့ (၂၀၂၄) နှောင်းပိုင်း ဒါမှမဟုတ် (၂၀၂၅) အစောပိုင်းလောက်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Photos: Credit
သတင်း အရင်းအမြစ်៖ Kbizoom