တောင်ကိုရီးယားမင်းသား Yoo Seung Ho ဟာဆိုရင် အသက် ၇ နှစ်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။

Yoo Seung Ho က လက်ရှိမှာ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသွားပြီဖြစ်ပေမယ့်ကလေးမျက်နှာလေးအတိုင်း ရှိနေသေးတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေကြပါတယ်။

Yoo Seung Ho ရဲ့ ရှိရင်းစွဲအသက်ထက်ပိုပြီး နုပျိုလွန်းနေတဲ့ဓာတ်ပုံတွေကို Yoo Seung Ho ရဲ့ အေဓျင်စီဖြစ်တဲ့YG Entertainment ကနေ ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေထဲမှာတွေ့ရတဲ့ Yoo Seung Ho ရဲ့ကြည်လင်တောက်ပမှုက ယောကျာ်းဆန်လွန်းလှပြီး မြင်သူတိုင်းကို ကြွေသွားစေခဲ့ပါတယ်။

Yoo Seung Ho ရဲ့ နုပျိုလွန်းနေတဲ့ပုံရိပ်ကို ကြည့်ပြီး ပရိသတ်တွေက သူက အသက် ၃၀ တဲ့လား ၊ အသက် ၂၀မဟုတ်ဘူးလား ၊ အသက်က အဲ့လောက်တောင်ဖြစ်နေပြီလား မထင်ရဘူး၊ ကောင်းကောင်းကြီးပြင်းလာတာပဲ ၊ ဒီလိုလေးပဲ ယောကျာ်းပီပီသသလေးနေပေးပါ။

စတဲ့ မှတ်ချက်တွေ အများအပြားပေးထားကြပါတယ်။ လက်ရှိမှာ Yoo Seung Ho က Lee Dong Hwi နဲ့အတူ Deal လို့ခေါ်တဲ့ မှုခင်းစုံထောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
