တောင်ကိုရီးယား မင်းသား Yoo Teo ဟာဆိုရင် မကြာသေးမီအချိန်က Love to Hate You ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ မင်းသား Yoo Teo ဟာဆိုရင် လက်ရှိမှာ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက လက်ထပ်ထားတဲ့သူဖြစ်ပါတယ်။ မင်းသား Yoo Teo ကို ဂျာမနီနိုင်ငံ ၊ Cologne မှာ မွေးဖွားခဲ့တာဖြစ်ပြီး နယူးယောက်မြို့မှာပဲ ကျောင်းတက်ကာ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။



မင်းသား Yoo Teo ရဲ့ ဇနီးက Nikki S. Lee ဖြစ်ပြီး visual artist တစ်ယောက် အနေနဲ့ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ Nikki S. Lee က ၁၉၉၃ ခုနှစ်မှာ Chung-Ang တက္ကသိုလ်မှာ ဓာတ်ပုံပညာလေ့လာခဲ့တာဖြစ်ပြီး ၁၉၉၈ခုနှစ်မှာ နယူးယောက်မြို့မှာဆက်လက်ပြီး ဓာတ်ပုံပညာလေ့လာခဲ့တာဖြစ်ပါတယ်။ Nikki S. Lee က documentary ပရောဂျက်တွေမှာ အဓိကအားဖြင့် အလုပ်လုပ်ခဲ့ရတာဖြစ်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်ကာ ဓာတ်ပုံတွေ ရိုက်ရတာဖြစ်ပါတယ်။ Nikki S. Lee က အဆိုပါ ဓာတ်ပုံ လိုက်ရိုက်ရတာတွေကို သဘောမကျတဲ့သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမက လူတွေကို နှောင့်ယှက်ရတာမျိုး မကြိုက်တဲ့သူဖြစ်တာကြောင့်လို့ သိရပါတယ်။




Nikki S. Lee က အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး Yoo Teo ထက် အသက် ၁၂ နှစ် ပိုကြီးပါတယ်။ Nikki S. Lee က မင်းသမီးတစ်ယောက်လိုမျိုး ချောလွန်းတဲ့သူမဟုတ်ပေမယ့် Yoo Teo ရဲ့ ချစ်ခြင်းကို များစွာ ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

သူတို့ နှစ်ဉီးက ၂၀၀၇ ခုနှစ်မှာ လက်ထပ်ထားတာ ဖြစ်လို့ လက်ရှိမှာ အိမ်ထောင်သက် ၁၆ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။

Love to Hate You ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Yoo Teo ရဲ့ အိမ်ထောင်ရေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။