မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး ချီးကျူးစကားထက် ဝေဖန်ခြင်းပိုခံနေရတဲ့ Lee Seung Gi

//s9.kh1.co/5e/5ec6a23fe2ac8a974829cdc2bf5786e4ded1738f.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

သနားဖို့ကောင်းလိုက်တာနော် ..

တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် Lee Seung Gi ဟာဆိုရင် မကြာသေးမီ အချိန်က အချိန်အကြာကြီး ချစ်ကြိုက်ခဲ့ရတဲ့ ချစ်သူလေး Lee Da In နဲ့ အတူ မင်္ဂလာသတင်းကို ကြေညာခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာဆိုရင် “nation’s younger brother” နဲ့ “nation’s son” အနေနဲ့ တင်စားခြင်း ခံထားရတဲ့သူဖြစ်ပြီး အနုပညာလောကထဲမှာ ပွဲဦးထွက်လာတာ ၁၉ နှစ်တင်းတင်းတောင် ရှိနေပြီဖြစ်တဲ့ သူဖြစ်ပါတယ်။   

Google
Google

ပရိသတ်တွေ တန်ဖိုးထားပြီး ချစ်ခင်နှစ်သတ်ရတဲ့ မင်းသား Lee Seung Gi ရဲ့ သတင်းဟာဆိုရင်လည်း လက်ရှိမှာ အားပေးမှုတွေထက် ဝေဖန်ချက်တွေ ပိုများလျက်ရှိပါတယ်။ အကြောင်းကတော့ Lee Seung Gi နဲ့ လက်ထပ်မယ့် မင်းသမီး Lee Da In ရဲ့ပထွေးဖြစ်သူရဲ့ စတော့ ရှယ်ရာကိစ္စပဲ ဖြစ်ပါတယ်။ Lee Da In ရဲ့ပထွေးဖြစ်သူဟာဆိုရင် ကုမ္ပဏီရဲ့ ရှယ်ယာများကို တစ်ယောက်တည်း ကြိုးကိုင်မှုကြောင့် ၂၀၁၁ ခုနှစ်တုန်းက ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်က ၂၀၁၄ ခုနှစ်မှာ အကျဉ်းထောင်ကနေ ပြန်လွတ်လာပေမယ့် ၂၀၁၆ ခုနှစ်မှာ ရှယ်ယာတွေကို အမြတ်ကြီးစားခဲ့တဲ့ အမှုနဲ့ပဲ ထပ်မံ အဖမ်းခံခဲ့ရပါတယ်။ Lee Da In ရဲ့ ပထွေးဖြစ်သူဟာဆိုရင် စတော့ရှယ်ယာတွေကို အမြတ်ကြီးစားမှုနဲ့ လက်ရှိ အချိန်အထိ နာမည်ပျက် စာရင်း အသွင်းခံထားရတဲ့ သူဖြစ်ပါတယ်။

Google
Google
Google
Google

ပထွေးဖြစ်သူနဲ့ အရှုပ်အထွေးတွေကြောင့် Lee Da In ဟာ နာမည် ရသင့်သလောက် မရခဲ့ပါဘူး။ Lee Seung Gi က Lee Da In ကို လက်ထပ်မယ်ဆိုတဲ့ သတင်းကိုလည်း ပရိသတ်တော်တော်များများက သဘောမတူခဲ့ကြပါဘူး။ ဒါ ကြောင့် Lee Seung Gi ရဲ့ မင်္ဂလာသတင်းဟာဆိုရင်လည်း အခြား အနုပညာ ရှင်တွေလောက် ဂုဏ်ယူအားပေးခြင်းကို မခံခဲ့ရပါဘူး။ ဒါ ကြောင့် Netizen တွေက “မင်္ဂလာသတင်း ကြေညာတဲ့ အနုပညာရှင်တွေ စာရင်းမှာ ဂုဏ်ပြု စကား မရခဲ့တဲ့ အနုပညာရှင်မျိုး အရင်က တစ်ခါမှ မတွေ့ဖူးဘူး။” “ပရိသတ်တွေ ဒီလောက် အများကြီး ရှိပါလျက်နဲ့ ၉၉ ရာခိုင်နှုန်းရှိတဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတယ်။” “တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားက အခုလိုမျိုး လူရွေးမှားရတယ်လို့ကွာ” စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။

Google
Google

မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဂုဏ်ပြုမှတ်ချက်တွေ မရခဲ့တဲ့ မင်းသား Lee Seung Gi ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T