ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် အကယ်ဒမီ ဦးမော့စ်

//s9.kh1.co/1b/1b31b511f7de362f040ee196a7a356da478f0ff6.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပရိသတ်အချစ်တော် ပြည်သူ့အချစ်တော် အနုပညာရှင် ဦးမော့စ် ဟာ (၂၀၁၃) ခုနှစ် က...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဟာသ များဖြင့် အနုပညာကို ချစ်တဲ့ ပရိသတ်တိုင်းရဲ့ ဘဝအမောကို ပြေစေသူ ၊ ပရိသတ်တိုင်းရဲ့ ငယ်ဘဝမှာ မပါမဖြစ်ရှိခဲ့သူ ၊ တော့ပ်ယူနန် ကြော်ငြာဆိုတာနဲ့ ပြေးမြင်ရတဲ့အထိကို အနုပညာနဲ့ ပတ်သက်ရင် ပြောင်မြောက်အောင် ကြိုးစားလွန်းသူကတော့ အားလုံးကချစ်ကြတဲ့ အနုပညာရှင်ကြီး အကယ်ဒမီ ဦးမော့စ်ပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဦးမော့စ် ဟာ ဇာတ်သဘင်လောကမှာ ကားလိပ်ဆွဲ ဘဝမှစတင် ကြိုးစားခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ လူရွှင်တော် အဖြစ်သော်လည်းကောင်း ၊ ဟာသသရုပ်ဆောင်အဖြစ်သော်လည်းကောင်း အနုပညာလောကထဲသို့ စတင်ခြေလှမ်းချလာခဲ့သူတစ်ဦးဖြစ်ပြီး (၂၀၁၁) ခုနှစ်မှာတော့ အကောင်းဆုံးသောအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဦးမော့စ် ဟာ လွန်ခဲ့တဲ့ (၁၀) နှစ် ၊ (၂၀၁၃) ခုနှစ် ၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ ၊ အသက် (၅၉) နှစ်အရွယ်မှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဒီကနေ့ ဟာ ဦးမော့စ် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပါတယ်။ ဦးမော့စ် ကို ချစ်ကြတဲ့ ပရိသတ်တွေ ဦးမော့စ်ကို အလွမ်း‌ပြေစေရန် အခုလိုရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T