Blackpink အဖွဲ့ဝင် Rose ဟာ မိန်းကလေးချင်းစိတ်ဝင်စားတဲ့သူလို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းကို ခံနေရပါတယ်။မကြာသေးမီက Rose ဟာ အသက် (၂၆) နှစ်ပြည့်ခဲ့ပြီး သူမကိုချစ်တဲ့ပရိသတ်တွေအတွက် သီချင်းလေးတစ်ပုဒ်ကို ပြန်လည်သီဆိုပေးခဲ့ပါတယ်။

Rose ဟာ နာမည်ကြီးအဆိုတော် Stephen Sanchez ရဲ့ သီချင်းဖြစ်တဲ့ ` Until I Found You ‘ ဆိုတဲ့သီချင်းကို ပြန်သီဆိုခဲ့တာ ဖြစ်ပြီး အမျိုးသမီးကို မူရင်းအဆိုရှင်က ရည်ရွယ်ခဲ့တာကြောင့် သီချင်းမှာ သူမ ဆိုတဲ့ အသုံအနှုန်းကို သုံးထားခဲ့ပါတယ်။ဒါပေမယ့် Rose ဟာ အမျိုးသမီးဖြစ်တဲ့အတွက် သူမ နေရာမှာ သူလို့သုံးရမယ့်အစား သူမလို့သာ ဆက်သုံနှုန်းခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အခုလိုထင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုကဲ့သို့ထင်မြင်မှုမျိုးကို Rose အနေနဲ့ 2018 Japan Arena Tour မှာ Halsey ရဲ့ “Eyes Close” ကို ဖျော်ဖြေတုန်းကလည်း ခံခဲ့ရဖူးသလို မနီလာဖျော်ဖြေပွဲတုန်းကလည်း lesbian စုံတွဲတစ်တစ်တွဲကို ချစ်ဖို့ကောင်းတဲ့ အတွဲလေးလို့ ချီးကျူးခဲ့ဖူးတာ ဖြစ်ပါတယ်။


ထို့အပြင် Rose ဟာ နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်ဖြစ်တဲ့ Bae Suzy နဲ့ ချိန်းတွေ့ခဲ့ကာ လိင်တူချစ်သူတွေ ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ခဲ့ဖူးတာ ဖြစ်ပါတယ်။


Photos:Credit
သတင်း အရင်းအမြစ်៖ Kbizoom





