သူငယ်ချင်းအဖြစ်ကနေ ရပ်စဲလိုက်ကြပြီဆိုတဲ့ Song Joong Ki နဲ့ Lee Kwang Soo

//s9.kh1.co/7d/7d989c05e6797fe7903f8fecef2c5c89073f017b.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၃ ၇pm · လွန်ခဲ့သော ၃ နှစ် က

Song Joong Ki နဲ့ Lee Kwang Soo တို့ဟာ တစ်ဦးနဲ့ တစ်ဦး....

တောင်ကိုရီးယားရဲ့ အကျော်အမော်တွေ ဖြစ်ကြတဲ့ Song Joong Ki နဲ့ Lee Kwang Soo တို့ဟာ ရင်းနှီးကြတဲ့ ဆက်ဆံရေးရှိတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်မှ ရပ်စဲလိုက်ကြကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/12/12383fdf9ccf722f4f1dd3f2b20544aab6e751f4.jpg

ပရိသတ်တွေဟာ ပွဲအမျိုးမျိုးမှာ Song Joong Ki နဲ့ Lee Kwang Soo တို့ကိုအတူတွဲမတွေ့တာကို သတိထားမိတာ ကြာခဲ့ပြီဖြစ်ပြီး Song Joong Ki ရဲ့ မကြာသေးခင်က အောင်မြင်ခဲ့တဲ့ Reborn Rich ကိုလည်း Lee Kwang Soo အနေနဲ့ ပံ့ပိုးပေးခဲ့ခြင်း မရှိသလို လက်ထပ်တဲ့ သတင်းထွက်တုန်းကလည်း ထိုနည်းတူပဲ ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=630,h=472,q=100/49/49e4a15a5872ac36c70c30252f8cb70cbbcf55ed.jpg

သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံမှုဟာ ၂၀၂၁ လောက်ကဖြစ်ပြီး သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။တစ်ချို့ကလည်း သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အလုပ်တွေ၊မိသားစုတွေ၊ ချစ်သူ တွေကို ပေးနေရတာကြောင့်လို့ ဆိုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=520,h=335,q=100/19/1957cef9d6301b2c9ddaa9870cb270b7a4d26228.jpg

သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်က ဖျော်ဖြေရေးနယ်ပယ်မှာ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၀ မှာတော့ နာမည်ကြီး ဖျော်ဖြေရေးအစီအစဥ်ဖြစ်တဲ့ Running Man မှာ အတူပါဝင်ခဲ့ပြီး ရင်းနှီးခဲ့ကြကာ Song Joong Ki စစ်မှုထမ်းတုန်းကလည်း Lee Kwang Soo ဟာ မကြာခဏ သွားတွေ့ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=620,h=964,q=100/a0/a0cbafa1b3b130e96f26a74478f6073a835f2003.jpg
https://s9.kh1.co/__image/w=650,h=402,q=100/97/9793db5f41e87755a59390653fac742ebd68704a.jpg

Photos:Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T